Get Mystery Box with random crypto!

အရင်ကတော့ ဆက်သွယ်ရေးအခက်အခဲ၊ ကျယ်ကျယ်ပြန့်ပြန့် သတင်းမဖော်ပြမှ | Mratt's Channel

အရင်ကတော့ ဆက်သွယ်ရေးအခက်အခဲ၊ ကျယ်ကျယ်ပြန့်ပြန့် သတင်းမဖော်ပြမှုနဲ့ စိတ်ဝင်စားမှု အားနည်းခဲ့တာကြောင့် တိုင်းရင်းသားဒေသက စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေဟာ ထောင့်ချိုးတစ်ခုမှာ ကွယ်နေခဲ့သလိုပါပဲ။

ခုတော့ ဘယ်မှာပဲ ဖြစ်ဖြစ်၊ မြင်နိုင်ကြားနိုင်ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦးရဲ့ ဝိတိုရိယစခန်းကို စစ်တပ်က လေယာဉ်နဲ့ ဒီနေ့ဗုံးကြဲ၊ နောက်တစ်ရက်မှာ ရုပ်သံဖိုင်ကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ နေ့စဉ်မပြတ် လူသတ်နေတာကို ကျနော်တို့ သတိလက်လွတ် မမေ့မလျော့ဖို့ ရေးရခြင်းပါတယ်။

︎ရွေးကောက်ပွဲ
စစ်ကောင်စီဟာ ဒီနှစ် ဇန်နဝါရီကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လျော့သွားတယ်ဆိုနိုင်ပါတယ်။ တစ်ဖက်မှာ ရွေးကောက်ပွဲအတွက် အသည်းအသန် ပြင်ဆင်ကြိုးပမ်းနေတာကို မြင်နိုင်ပါမယ်။ ရွေးကောက်ပွဲအတွက် အဓိက လှုပ်ရှားမှု အများဆုံးနေရာက ရှမ်းဖြစ်ပါတယ်။ ဒုတိယအများဆုံးက ဧရာဝတီတိုင်းပါ။ (ဇယားချပ် - ခ)