Get Mystery Box with random crypto!

ဒီလိုပဲ မွန်နဲ့ ရခိုင်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရ | Mratt's Channel

ဒီလိုပဲ မွန်နဲ့ ရခိုင်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြင်နေတာကို မြင်ကြရမှာပါ။ ပါတီတွေထဲမှာတော့ ကြံ့ဖွံ့ပါတီက လှုပ်ရှားမှုအများဆုံးလို့ တွေ့ရပါတယ်။ ကြံ့ဖွံ့ဟာ ရန်ကုန်မှာ ခြေလှမ်းစိတ်သလို ပဲခူးနဲ့ မန္တလေးမှာလည်း လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေခဲ့တာကို တွေ့ရပါတယ်။

ထူးခြားချက်အနေနဲ့ ကြံ့ဖွံ့ပါတီဟာ ရခိုင်ပြည်နယ်မှာ ၈ ကြိမ်လှုပ်ရှားမှု ရှိခဲ့ပြီး ၄ ကြိမ်က ပါတီတွင်းစည်းရုံးရေး လုပ်ခဲ့တာကို တွေ့ရပါတယ်။ တစ်ဖက်မှာတော့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လှုပ်ရှားမှုနည်းပြီး ဒေါ်သက်သက်ခိုင်ရဲ့ 'ပီသုံးလုံး' က ဒုတိယမြောက် လှုပ်ရှားမှု အများဆုံးပါ။

︎စစ်ရာဇဝတ်မှု
ဒီလိုရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ၃ လအတွင်း စစ်ကောင်စီဟာ နေအိမ်ပေါင်း တစ်သောင်းတစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကိုင်းတစ်တိုင်းထဲမှာ နေအိမ် ၈၆၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေချိန်မဟုတ်ဘဲ အရပ်သား ၅၄၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပါတယ်။ (ဇယားချပ် - ဂ)