Get Mystery Box with random crypto!

အတည်ပြုနိုင်ခြင်းမရှိတဲ့ ဟေးလားဝါးလား ရာခိုင်နှုန်းတွေ၊ တွေ့ကရ | Mratt's Channel

အတည်ပြုနိုင်ခြင်းမရှိတဲ့ ဟေးလားဝါးလား ရာခိုင်နှုန်းတွေ၊ တွေ့ကရာ ခန့်မှန်းပြောစကားတွေဟာ လူထုကို ဝေဝါးစေပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေကတော့ လိမ်လို့မရနိုင်ပါဘူး။ ဒါကြောင့် ကိန်းဂဏန်းအချက်အလက်တွေကို ကြည့်ပြီးမှ စေ့ငုကြစေဖို့ ဖြစ်ပါတယ်။

၃ လအတွင်း အရပ်သား ၅၄၀ ကို သတ်ဖြတ်ခံရတယ်ဆိုတာ တစ်ရက်မှာ လူ ၆ ယောက်နှုန်း စစ်ကောင်စီက နေ့စဉ် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ဒီလူတွေဟာ တိုက်ပွဲအတွင်း ဝင်တိုက်နေတဲ့လူတွေ မဟုတ်ပါဘူး၊ သာမန် အရပ်သူ အရပ်သားတွေ ဖြစ်ပါတယ်။ ဒါကို မြင်အောင်ကြည့်ဖို့ လိုပါတယ်ခင်ဗျာ။

*ကိုးကားတဲ့ စစ်တမ်း - Burma Affairs and Conflict Study (BACS) - စာရေးသူ၊ ဆောင်းပါးရေးသူတွေအနေနဲ့ ဒီ ၃ လစာ၊ အစီရင်ခံစာ အပြည့်အစုံကို လိုချင်ရင် ကျနော့် Telegram - @mrattkthu မှာ တောင်းယူနိုင်ပါတယ်။