Get Mystery Box with random crypto!

ကျနော့် Facebook နဲ့ Telegram ကနေတစ်ဆင့် QR Code တွေ့ပြီး ကန့် | Mratt's Channel

ကျနော့် Facebook နဲ့ Telegram ကနေတစ်ဆင့် QR Code တွေ့ပြီး ကန့်ဘလူ အခြေစိုက်အဖွဲ့တွေအတွက် NUG-Pay နဲ့ ထောက်ပို့ပေးကြသူမိတ်ဆွေများ ခင်ဗျာ…

မိတ်ဆွေတို့ ပေးပို့လိုက်တဲ့ငွေဟာ ကန့်ဘလူ မြေပြင်ကို တိုက်ရိုက်ရောက်ကြောင်း အာမခံနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်က ငွေမကိုင်ပါ၊ ငွေလက်မခံပါ။ တချို့ဆို ၁၀ သိန်းကနေ ၁၅ သိန်းထိ ထောက်ပို့ပေးကြတာ တွေ့ရပါတယ်။ ရဲဘော်များအတွက် အမှန်တကယ် အထောက်အကူ ဖြစ်စေမှာပါ။

အများစုက ဆာတီဖီကိတ် မတောင်းကြပေမယ့် တောင်းထားကြသူ မိတ်ဆွေတွေအနေနဲ့ ခဏစောင့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော်ကနေတစ်ဆင့် ထောက်ပို့ပေးသူတွေကို ကျနော် ဆာတီဖီကိတ်တောင်းပြီး ပြန်ပို့ပေးပါမယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

KBZ Pay, WAVE Pay ကတော့ မရသေးဘူးထင်ပါတယ်။ ရရင်ပြောပါ့မယ်။ လောလောဆယ်တော့ NUG-Pay ပဲ ရပါသေးတယ်။

ငွေကြေးကူချင်ပေမယ့် အဆင်မပြေဘူးဆိုသူတွေအတွက် ကလစ်ပေးလို့ ရပါတယ်။ ဘယ်လို ကလစ်ရသလဲဆိုတာ မသိရင် ဒီ လင့်မှာ [https://www.facebook.com/mrattkthu/posts/2004072713276226 ] ဖတ်နိုင်ပါတယ်။