Get Mystery Box with random crypto!

ကန့်ဘလူအတွက် ကျနော့်ဆီကနေတစ်ဆင့် NUG-Pay နဲ့ ထောက်ပို့ထားကြသူမ | Mratt's Channel

ကန့်ဘလူအတွက် ကျနော့်ဆီကနေတစ်ဆင့် NUG-Pay နဲ့ ထောက်ပို့ထားကြသူများ ခင်ဗျာ။

ကျပ် ၅ သောင်းနဲ့အထက် ထောက်ပို့ထားသူများအတွက် ဆာတီဖီကိတ်ရပါပြီ။ မက်ဆေ့တွေက များတာမို့ ကျနော်လည်း မဖတ်နိုင်တာကြောင့် ပို့စ်တင်ပြောတာပါ။

လက်ရှိအချိန်ထိ သိန်း ၇၀၀ လောက်ရထားပြီလို့ ဆိုပါတယ်။ ငွေက မြေပြင်ကလူဆီ တိုက်ရိုက်ရောက်ပြီး သူတို့ကိုယ်တိုင်ပဲ ကိုင်တွယ်တာဖြစ်ပါတယ်။

ဒါ့အပြင် ဆာတီဖီကိတ်ကလည်း သူတို့ကိုယ်တိုင် လုပ်တာဖြစ်ပါတယ်။ အင်တာနက်အခက်အခဲ၊ အချိန်ညှိရတာ အခက်အခဲတချို့ကြောင့် ဆာတီဖီကိတ်ပေးဖို့ ကြန့်ကြာသွားတာပါ။

၅၀,၀၀၀ နဲ့အထက် ထောက်ပို့ထားပြီး ဆာတီဖီကိတ် တောင်းဖို့ မေ့နေသူများ၊ မတောင်းရသေးသူများလည်း သတိပေးပေးပါဦး။

မက်ဆင်ဂျာထဲကဆိုရင် မမြင်တတ်တာမျိုးရှိတာကြောင့် ကျနော့် တယ်လီဂရမ် (@mrattkthu) ဆက်သွယ်ရင် ပိုအဆင်ပြေမြန်ဆန်ပါတယ်။