Get Mystery Box with random crypto!

မိုခါမုန်တိုင်း (နေ့လယ် ၁ နာရီ ၅၀ မိနစ်) စစ်တွေမြို့ထဲက တိုက | Mratt's Channel

မိုခါမုန်တိုင်း
(နေ့လယ် ၁ နာရီ ၅၀ မိနစ်)


စစ်တွေမြို့ထဲက တိုက်အိမ်မှာနေသူတစ်ဦးကတော့ တိုက်တခုလုံး 'တုန်ခါ' လာလို့အပေါ်ထပ်မှာ မနေနိုင်တော့ဘဲ မြေညီထပ်ကို ဆင်းနေရတယ်လို့ ဆိုပါတယ်။ အပြင်ကို ချောင်းကြည့်နိုင်ဖို့ ပြူတင်းပေါက်နားကိုတောင် မကပ်ရဲတော့ဘူးလို့ ဆိုပါတယ်။

"ကျနော့်တို့ တိုက် အတော်မာတယ်ပြောရမယ်။ ဒီလို တိုက်မျိုးတောင် တုန်ခါနေတာဆိုတော့ ပင်လယ်စပ်က အိမ်တွေဆိုရင် ခုချိန် ကျန်တော့မှာ မဟုတ်ဘူး" လို့ ပြောပြပါတယ်။

စစ်တွေမြို့တွင်းထဲမှာ အပင်ကြီးတွေ လဲပြိုနေတာလည်း တွေ့ရပြီး မီးတိုင်တွေ၊ ဆက်သွယ်ရေးကြိုးတွေ မကြာခင် ပြတ်တောက်နိုင်ပါတယ်။​

စစ်တွေထောင်

တချိန်တည်းမှာ ပြောင်းရွှေ့နိုင်သူတွေ တခြားနေရာကို ရွှေ့ပြောင်းသွားကြပေမဲ့ အကျဉ်းထောင်ထဲ ရှိကြသူတွေကတော့ မပြောင်းရွှေ့နိုင်ကြတဲ့အတွက် စိုးရိမ်နေကြတယ်လို့ အကျဉ်းထောင်ထဲနဲ့ ဖုန်းအဆက်အသွယ်ရသူတဦးက လှမ်းပြောပါတယ်။