Get Mystery Box with random crypto!

ပြီးခဲ့တဲ့လက မြိုင်၊ မန်ကျည်းကန်က ဆေးရုံကို စစ်ကောင်စီက ဝင်စီး | Mratt's Channel

ပြီးခဲ့တဲ့လက မြိုင်၊ မန်ကျည်းကန်က ဆေးရုံကို စစ်ကောင်စီက ဝင်စီးပြီး ဆေးဝန်ထမ်းတွေနဲ့ လူနာတွေကို ဖမ်းခေါ်သွားခဲ့တယ်။ လူနာနဲ့ လူနာစောင့် စုစုပေါင်း ၂၀၀ နီးပါး ဖမ်းခံရတယ်လို့ မြိုင် ပီဒီအက်ဖ်အဖွဲ့က ကဆိုပါတယ်။

အများစု ပြန်လွတ်ခဲ့ကြပေမဲ့ ဆေးကုသပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ ပါသွားခဲ့တယ်။ အဲ့ဒီတုန်းက စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်တွေမှာ တင်ခဲ့တဲ့ မြိုင်က ဆေးကျောင်းနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဆိုတာ ဒီ မန်ကျည်းကန်ကနေ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။ (ကွန်မင့်ထဲမှာ သူ့ပုံ ရှိပါတယ်) တချို့ အထင်မှားနေသလို တခြားလူနဲ့ ဝါဒဖြန့်တာ မဟုတ်ဘဲ တကယ် ဖမ်းဆီးခံခဲ့ရတာပါ။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၁၈ က ဖြစ်ခဲ့တာပါ။ အများစု သတိမထားလိုက်ကြပေမယ့် မြိုင်၊ မန်ကျည်းကန်က ဒီဆေးရုံကို Mi-35 တစ်စီးနဲ့ ပစ်ခတ်၊ အဲ့ဒီနောက် အင်အားထပ်ချပြီး ဝင်စီးချိန်မှာ ဒီနယ်မြေမှာရှိတဲ့ မြိုင် ပီဒီအက်ဖ်အဖွဲ့ရဲ့စခန်းလည်း စီးနင်းခံခဲ့ရပါတယ်။

“လူနဲ့ လက်နက်တွေက အကုန်လွတ်တယ်ဗျ၊ ကျည် ၂ ထောင်ကျော်၊ ကား ၂ စီး၊ လက်ပစ်သီး ၃၀၊ အိုက်ကွန် အထိုင်စက်၊ ဂြိုလ်တု အင်တာနက် စက်၊ တခြား ခဲယမ်း နဲ့ ယူနီဖောင်းတွေ၊ အဲ့ဒါတွေတော့ ပါသွားတယ်ဗျ” လို့ မြိုင်ပီဒီအက်ဖ်ရဲ့ ခေါင်းဆောင်က ကျနော့်ကို လှမ်းပြောပါတယ်။

အဲ့ဒီမှာ ဖမ်းမိသွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူနေအိမ် ၄ လုံးလောက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဒီ စီးနင်းခံရမှုဟာ မြိုင် ပီဒီအက်ဖ်ကို အတော် အထိနာသွားစေခဲ့ပါတယ်။ ဒီမတိုင်ခင်က ရရှိခဲ့တဲ့ ထောက်ပံ့ငွေတွေ လက်လွှတ်ဆုံးရှုံးလိုက်ရသလို ဖြစ်ခဲ့တယ်။ ပြန်ရုန်းထဖို့ အတော် အားယူကြရပါဦးမယ်။

မြိုင်၊ ဆားလင်းကြီး၊ ရေစကြိုနယ်ဟာ ဟိုးအစောပိုင်းတွေမှာ လူစိတ်ဝင်စားမှု မြင်ခဲ့ပြီး စစ်ကောင်စီကလည်း ဒီနယ်တဝန်းကိုပဲ ပိုပြီး ဖိနှိပ်ခဲ့တာပါ။ ဒီအဖွဲ့တွေကို တိုက်ရိုက်လူချင်တယ်ဆိုရင် ဒီ Link မှာ သွားရောက်ထောက်ပံ့နိုင်ပါတယ်။ https://www.facebook.com/profile.php?id=100092501444736