Get Mystery Box with random crypto!

'ထိုင်းနိုင်ငံ' သို့ သွားမည့်သူများ... ရန်ကုန် ထိုင်းသံရုံးရ | Mratt's Channel

'ထိုင်းနိုင်ငံ' သို့ သွားမည့်သူများ...

ရန်ကုန် ထိုင်းသံရုံးရဲ့ စည်းမျဉ်းတွေ ပြောင်းသွားပါတယ်။ ဟိုးတရက်က ထုတ်ပြန်ချက်မှာ 'သံရုံးရှေ့ တန်းစီ၊ တိုကင်ယူ' စနစ်လုပ်ခဲ့တယ်။ ခုတော့ ဒီစနစ်ကို ပြောင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကိုယ်တိုင်တန်းစီ စနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ ဆိုတယ်။ အွန်လိုင်းကနေတဆင့် တိုကင်ယူရတော့မယ်လို့ ဆိုတယ်။

အပေါ်က စာပိုဒ်က အတိုချုံ့ရေးထားတာပါ။ ထုတ်ပြန်ချက် အပြည့်အစုံကို သေသေချာချာဖတ်ရှုကြပါ မိတ်ဆွေများ။ ရန်ကုန်မှာရှိတဲ့ ထိုင်းနိုင်ငံသံရုံး ဖေ့စ်ဘုတ်စာမျက်နှာ Link - https://www.facebook.com/RoyalThaiEmbassyYangon