Get Mystery Box with random crypto!

Online News Channel

Logo of telegram channel mtn812 — Online News Channel O
Logo of telegram channel mtn812 — Online News Channel
Channel address: @mtn812
Categories: News
Language: English
Subscribers: 3.20K
Description from channel

up to date news channel

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

1

1 stars

0


The latest Messages

2021-11-19 14:59:17 ဇေယျာသော်က သူ့ဆီကိုဝင်တဲ့ ငွေကြေးအထောက်အပံ့စာရင်းနဲ့ သူကနေ PDFတွေကို ခေါင်းစဥ်အမျိုးမျိုးနဲ့ ထောက်ပံ့ပေးရတဲ့စာရင်းအပြင် လက်နက်/ခဲယမ်း ထုတ်ပေးတဲ့စာရင်း၊ မြို့နယ်အလိုက် PDFအဖွဲ့ဝင်အမည်စာရင်း၊ ဒလံရှင်းလင်းရေး လုပ်ဆောင်ခဲ့မှု၊ ဖောက်ခွဲရေးနှင့်စစ်ဆင်ရေးများ စတဲ့ Data တွေကို ရက်စွဲအလိုက် သူ့ရဲ့ Laptop ကွန်ပြူတာမှာ သိမ်းဆည်းထားတာ၊အချက်အလက်တွေက မနည်းဘူး၊ နောက်ပြီး NUG နဲ့ CRPH တို့က mail နဲ့
ညွှန်ကြားတဲ့အချက်အလက် mail အဝင်/အထွက်တွေ အားလုံး စစ်ကြောရေးက
ရသွားပြီ၊ နိုင်ငံတကာကိုချပြလို့ အကောင်းဆုံး အချက်အလက်တွေလို့ပြောရမှာပဲ။

ဇေယျာသော် အဖမ်းခံရတဲ့ သတင်းကြားပြီး ဇော်ဝေစိုး၊ဆာဆာနဲ့ ရီမွန်တို့ အတော်လေး တုန်လှုပ်နေကြတယ်လို့ CRPH အသိုင်းအဝိုင်းမှာ သတင်းပြန့်နေတယ်။

ခုရက်ပိုင်းအတွင်း ဇေယျာသော်ဖော်လို့ အဖမ်းရတဲ့သူတွေ အတော်များပါလိမ့်မယ်။
783 viewsMinn Thet Naing, edited  11:59
Open / Comment
2021-11-19 12:02:15 ကျိုက်ထီးရိုးတောင် ရိုးရိုးလေးဟိုတယ်တွင်
PDF အကြမ်းဖက်သမား(၈)ဦး ဖမ်းဆီးရမိထား​ကြောင်းသိရသည်။ သာကေတ ကမာကြည် ဟိုတယ်တွင် အသက် ၂၅ နှစ်ခန့် လူငယ်အတော်များများ ဝင်/ထွက်လျှက်
ရှိကြောင်း သတင်းရရှိထားသည်။
904 viewsMinn Thet Naing, 09:02
Open / Comment
2021-11-19 10:59:24
ဇေ ယျာ ဖော်
936 viewsMinn Thet Naing, 07:59
Open / Comment
2021-11-19 10:16:53 ရန်ကုန်အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်၏ ထွက်ဆိုချက်အရ ဇေယျာသော်၏ အစ်မ ခင်ပပသော်အားဖမ်းဆီးရမိ၊ နောက်ဆက်တွဲ အဖြစ် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ PDF များအား သေနတ်(၂၅၀)လက်နှင့် ကျည်ဆံအ​များအပြားကိုလည်း ဖမ်းဆီးရမိကြောင်းသိရသည်။
939 viewsMinn Thet Naing, edited  07:16
Open / Comment
2021-11-19 10:11:38
NLD အမတ် ရန်ကုန်အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော်ကို
ဖမ်းဆီးရမိစဥ်က။
921 viewsMinn Thet Naing, 07:11
Open / Comment
2021-11-19 08:11:47 ပြည်ပထွက်မယ့် သန္တာလှိုင်ကို စည်းရုံးလိုက်နိုင်တာမှာ နစက အတွက် ငါးကြီးကြီး ရလိုက်တယ်လို့ ဆိုရမလားပဲ။
58 viewsMinn Thet Naing, 05:11
Open / Comment
2021-11-19 06:38:05
ဇေယျာသော်လည်း စစ်ကြောရေးရောက်ရင် ဖော်ကောင်ဖြစ်မှာပဲ၊မပူနဲ့၊
MRTV နဲ့ MWD ကနေ ကျကျနန ကမ္ဘာသိအောင် ဖော်ကောင်လုပ်မှာ၊ စောင့်ကြည့်ကြပေါ့။
355 viewsMinn Thet Naing, 03:38
Open / Comment
2021-11-18 16:06:50
NLD အမတ် ရန်ကုန်အကြမ်းဖက်
ခေါင်းဆောင် ဖြိုးဇေယျာသော်ကို
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊
ရတနာနှင်းဆီအိမ်ယာမှာ ဖမ်းဆီး
ရမိပြီလို့သိရတယ်။
660 viewsMinn Thet Naing, edited  13:06
Open / Comment
2021-11-17 08:13:51 NUGဝန်ကြီးဒေါက်တာဇော်ဝေစိုးက တော်လှန်ရေးကြီး မကြာခင်အောင်မြင်တော့မယ် ရက်ပိုင်းလပိုင်းအတွင်းပြီးမယ်လို့မကြာခနပြောတယ်။

NUGယာယီသမ္မတ ဒူးဝါးလရှီလက ခြောက်လကြာရင်အောင်မြင်မယ်လို့ပြောတယ်။

NUGဘဏ္ဍာဝန်ကြီး ဦးတင့်ထွန်းနိုင်က တော်လှန်ရေးကာလ၂ နှစ်ကြာမှာ ဖြစ်လို့ငွေတိုက်စာချုပ် ၂နှစ်သတ်မှတ်တာလို့ပြောတယ်။

NUGအထက်မှာရှိတဲ့ NUCCက မင်းကိုနိုင်က တော်လှန်ရေး ဘယ်တော့ပြီးမလဲ ဆိုတာ ဘယ်ဘုရားမှ မဟောနိုင်ဘူး လို့ပြောတယ်။

နွေဦးတော်လှန်ရေးဟာ သားစဥ်မြေးမြစ် ကမ္ဘာတည်သရွေ့ ဆက်လုပ်နေရမယ့်တော်လှန်ရေးကြီး ဖြစ်သွားပြီဆိုတာ PDF တွေ သဘောပေါက်ကြဖို့ လိုပြီ။
1.1K viewsMinn Thet Naing, 05:13
Open / Comment
2021-11-17 05:13:32 ဒီနေရာမှာ သဘောရိုးနဲ့ မေးတဲ့သူတွေရှိပါတယ်။
မဲမသမာမှုဖြစ်နိုင်ခြေက ဆယ်သန်းကျော်ဆိုတော့
ပြည်သူဆယ်သန်းကျော်က မဲနှစ်ခါထည့်ခဲ့တာလား။
လုံးဝမဟုတ်ပါဘူး။NLDကို မဲနှစ်ခါ သုံးခါ နှစ်နေရာ သုံးနေရာထည့်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ရှင်းအောင်ပြောရရင် ခများက NLDကို မဲထည့်တယ်ဆိုပါတော့
ဒီမဲဆန္ဒနယ်မှာ ခများက တစ်ခါပဲ ထည့်ခဲ့ပေမယ်
ခများနာမည်က တခြားမဲဆန္ဒနယ်ရဲ့ ကြိုတင်မဲပေးသူများစာရင်းထဲမှာပါနေတာပါ။အဲ့တော့ခများက
တကြိမ်ပဲမဲထည့်ပေမယ့် ခများမဲက တစ်နေရာ နှစ်နေရာမကပါနေနိုင်တာပါပဲ။အဲ့လို ဟုတ်မဟုတ်က စုစုပေါင်း
မဲပေးခွင့်ရှိသူများရဲ့ အမည်စာရင်းရယ် ကြိုတင်မဲပေးသူများရဲ့ အမည်စာရင်းရယ် ရွေးကောက်ပွဲနေ့မှာ မဲပေးသူများရဲ့ အမည်စာရင်းရယ်ကို ၃ခုပေါင်းပြီးတိုက်စစ်လိုက်ရင် ထင်ထင်ရှားရှားကြီးပေါ်လာမှာပါ။ဘယ်ပါတီကိုမဲထည့်လဲဆိုတာပြစရာမလိုပါဘူး။မဲပေးသူများအမည်စာရင်းကိုပြတာနဲ့အမှန်တရားပေါ်ပါတယ်။

ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDဟာ အဲ့စာရင်း၃ခုကို
ပြည်သူသိအောင်ချပြဖို့ နောက်ဆုံးအချိန်ထိ ငြင်းဆိုသွားခဲ့တယ်။ပြည်သူလူထုကို ပေးမသိသွားခဲ့ဘူး။
ဒီအကြောင်းတရားတွေကို အခုတော်လှန်နေတဲ့
လူကြီးလူငယ်အများစုက သတိမထားမိကြဘူး။

အဲ့တာက NLD ဘက်ကို ပြောတာ။
စစ်တပ်ဘက်ကို ပြောမယ်ဆိုရင်လည်း
ဒီလိုအာဏာသိမ်းရင် နိုင်ငံဒီလို ဒုက္ခရောက်မယ်
ဒီမိုကရေစီနောက်ပြန်လန်မယ် လူ့အဖွဲ့အစည်းအတွင်းကကျင့်ဝတ်စံနှုံးတွေပျက်စီးသွားမယ် ကံဆိုးရင်နိုင်ငံက failed state ဖြစ်သွားမယ်ဆိုတာ မသိဘူးလား။အဲ့လောက်တောင်မသိရင်တော့ ဘယ်အဖွဲ့အစည်းမှာမှ ခေါင်းဆောင်လုပ်ဖို့ မထိုက်တန်ဘူး။အခု NLD မဲလိမ်သလို ၂၀၁၀တုန်းကရော မဲမလိမ်ခဲ့ကြဘူးလား။
အခုတခါnldမဲလိမ်တာကို ရှော်ပေးပြီး နောက်တကြိမ် လိမ်လို့မရအောင် ရွေးကောက်ပွဲ ဥပဒေကို ပြင်လို့မရဘူးလား။NLDကို ၅နှစ်လောက်ထပ်လွှတ်ပေးလိုက်တာနဲ့
အမျိုးဘာသာသာသနာက (သူတို့​ပြောသလို)
အဖတ်ဆည်လို့မရလောက်အောင်ထိခိုက်သွားနိုင်လို့လား။(အခုကပိုတောင်ထိခိုက်သေးတယ်)
အဓိကက ၂၀၂၀မဲရလဒ်ကို စစ်တပ်အနေနဲ့
နိုင်ငံရေးအဆိုးလောဂဓံအဖြစ် လက်ခံမပေးနိုင်ဘူးလားနိုင်ငံတော်မျက်နှာထောက်ပြီး။တကယ်ဆို တပ်မတော်ဟာနိုင်ငံရေးနဲ့ပတ်သက်ရင် အကောင်းလောဂဓံနဲ့ပဲ ကြုံတွေ့ခဲ့ရတာများပါတယ်။အမျိုးသားနိုင်ငံရေးရဲ့ ဦးဆောင်အခန်းကဏ္ဍကိုတောင်ရယူထားနိုင်သေးတာပဲ။
တပ်မတော်သမိုင်းမှာ နိုင်ငံရေးအဆိုးလောဂဓံဆိုလို့
BIAကို အင်အားလျှော့ပြီး BDAအဖြစ် အဖွဲ့ခံခဲ့ရတာပဲ ရှိခဲ့တာပါ။ဒီတခါနဲ့မှ နှစ်ကြိမ်ပဲ အဆိုးလောဂဓံကို ကြုံရတာပါ။ကြားထဲမှာ သူတို့ဘက်က အသာချည်းပါပဲ။
အဆိုးဆုံးကတော့ အရေးအခင်းအပေါ်ကိုင်တွယ်ပုံ
အင်မတန်ညံ့ဖျင်းလွန်းတာပါပဲ။PDF တွေ ဒီလောက်များသွားတာ အာဏာသိမ်းလို့မဟုတ်ပါဘူး။အရေးအခင်းအပေါ်စစ်တပ်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံလွဲမှားလို့ပါ။
ဒဲ့ပြောရရင် PDFထဲမှာ သိမ်းချင်ရင်အမှိုက်သိမ်းဆိုတဲ့
သူက အင်မတန်ကို နည်းပါးပါတယ်။ခြုံပြောရရင် တပ်မတော်ခေါင်းဆောင်တွေကလည်း နိုင်ငံ့မျက်နှာထက်ဒေါ်အောင်ဆန်းစုကြည်မျက်နှာပဲပိုကြည့်ခဲ့ကြတယ်ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို ကြည့်ပြီး စောက်မြင်ကပ်လို့ အာဏာသိမ်းခဲ့တာပါ။

ကျတော်တို့နိုင်ငံဒီလိုအခြေအနေဖြစ်အောင်
စနစ်တကျနဲ့ အချိန်ယူပြီး ရန်တိုက်ပေးခဲ့တဲ့
နိုင်ငံတွေအကြောင်းတော့ မပြောတော့ပါဘူး
ကိုယ်အလို့ ကိုယ်ခံရတာပါ။
1.1K viewsMinn Thet Naing, 02:13
Open / Comment