Get Mystery Box with random crypto!

ကျောင်းတက်လို့ စစ်တပ် အခွန်ငွေပိုမရဘူး။ ကျောင်းတွေဖွင့်လို့ စစ | Myanmar Ebooks

ကျောင်းတက်လို့ စစ်တပ် အခွန်ငွေပိုမရဘူး။
ကျောင်းတွေဖွင့်လို့ စစ်တပ်အင်အားပိုတိုးမလာဘူး။

ကျောင်းတက်လို့ အကျိုးရှိမှာခလေးသူငယ်တွေနဲ့ မိဘတွေပဲရှိမယ်။

အခြေခံပညာတန်း ဆိုတာ ခလေးငယ်တွေ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်အောင် သင်တာ။
စစ်တပ်က သင်ရိုးတွေအကုန်ပြောင်းပြီး ဝါဒဖြန့်ချီရေးတွေချည်း သင်တာမဟုတ်ဘူး။
ခေါင်းဆောင်ကြီးဒေါ်စုလက်ထက်ကသင်ရိုးတွေကိုပဲ ဆက်သင်ကြမှာ။

အဲဒါကို ဒေါ်စုပြန်အုပ်ချုပ်မှ ကျောင်းတက် အခုခလေးတွေကျောင်းမတက်နဲ့ ဆိုပြီး တားနေရတာတုန်း? ဘာစစ်ကျွန်ပညာရေးမှမဟုတ်ဘူး။ ရိုးရိုး သာမန်ပညာရေးပဲ။

အစွန်းရောက်တွေရဲ့အတွင်းစိတ်က စစ်တပ်လက်ထက်မှာ ခလေးတွေငြိမ်းချမ်းစွာပညာသင်နိုင်တယ် ဆိုတဲ့ အချက်ကို မလိုချင်တာ။ ပုံမှန်အနေအထား မဖြစ်စေချင်တာ။ အဲဒီအတွက်ပဲ ဘာမှ မသိသေးတဲ့ ခလေးတွေကို ချနင်းနေကြတာ။

ပြီးတော့ တက္ကသိုလ်ပညာရေးလည်း ဒီအတိုင်းပဲ။ ကုလသမဂ္ဂမှာတောင် မဲခွဲရင် ကြားနေ ဆိုတာ ရှိတယ်။ မြန်မာပြည်မှာလည်း ကျောင်းတက်ချင်တဲ့ကြားနေတွေရှိမှာပဲ။ မင်းတို့လုပ်နေတဲ့အလုပ်ကို မနှောင့်ယှက်ရင် ဖျက်လိုဖျက်ဆီးမလုပ်ရင် ပြီးရောမဟုတ်ဘူးလား?

အသတ်ခံခဲ့ရတဲ့ခလေးတွေကို ငဲ့ပြီး စစ်တပ်လက်ထက်ကျောင်းမတက်ကြပါနဲ့ ဆိုရင်လည်း ဒေါ်စုလက်ထက် ရခိုင်မှာစစ်ဖြစ်နေလို့ ခလေးတွေကျောင်းမတက်ရတုန်းကကျတော့ ဘာမှမဖြစ်သလို မင်းတို့နေခဲ့ကြတယ်မဟုတ်လား?

စစ်တပ်ကကျောင်းသားတွေကို လူသားဒိုင်းလုပ်မှာစိုးလို့တားနေတာ ဆိုရအောင်လည်း မင်းတို့ဖက်ကချည်း ကျောင်းတွေဗုံးခွဲ ဆရာမတွေသတ် ကျောင်းမတက်ဖို့ခြိမ်းခြောက်လုပ်နေတာပဲတွေ့တယ်။

မင်းတို့ စစ်တပ်ကိုတိုက်စရာရှိတာ ဆက်တိုက် ၊ ကျောင်းတွေကို မထိနဲ့။ မင်းတို့နိုင်လည်း ခလေးတွေစာဆက်သင်ရမှာ မင်းတို့ရှုံးလည်း ကျောင်းဆက်တက်ရမှာ။ သူတို့နဲ့မဆိုင်ဘူး။

ဒီမိုကရေစီပြန်ရဖို့ ခလေးတွေကျောင်းမတက်ကြပါနဲ့ ဆိုတဲ့တိုက်တွန်းချက် ဘယ်မှာမှ မကြားဖူးဘူး။
Naing Tun