Get Mystery Box with random crypto!

KNU ကနေပြီး ဘာလို့ DKBA ဖြစ်လာတာလဲ သိလား... အေး KNU ရဲ့ ဘာသာရေ | Myanmar Ebooks

KNU ကနေပြီး ဘာလို့ DKBA ဖြစ်လာတာလဲ သိလား... အေး KNU ရဲ့ ဘာသာရေးခွဲခြားမှုကြောင့် ဖြစ်လာတာ

အခုလည်း ဘုရားပေါ်မှာ တပ်ဆွဲပြီး
တိုက်ပွဲဝင်နေတာနော်... စစ်ဖိနပ်တွေနဲ့နော် သေသေချာချာကြည့်

မြိုင်ကြီးငူဆရာတော် လေးကေမှာ ဘုရားတည်တော့ ဗိုလ်မြက ဖျက်ခိုင်းတယ်
ဆရာတော်နဲ့ ဗိုလ်မြက စပ်ရင် မြေးအဖိုးတော်တယ် ဝမ်းကွဲပေါ့ အရင်းတော့မဟုတ်ပါဘူး

ဗိုလ်မြတို့က အရင်က ဘာသာခြားမဟုတ်ဘူး... နောက်မှ သာသနာပြုတွေသိမ်းသွင်းခံရပြီး ဘာသာခြားဖြစ်သွားတာ

KNU က ဘာသာရေး မခွဲခြားဘူးဆိုပြီး ခြောက်လုံးပြူး ခါးထိုးထားတဲ့ ရမ်ဘိုဘုန်းကြီးကို KNU ထဲက ဗုဒ္ဓဘာသာတွေကို ကိုးကွယ်ခိုင်းတယ်
ဒါပေမယ့် KNU ထဲက ဗုဒ္ဓဘာသာတွေက မြိုင်ကြီးငူဆရာတော်ကိုပဲ ကိုးကွယ်တယ်

နောက်ဆုံး ဗိုလ်မြက မြိုင်ကြီးငူဆရာတော်ကို လက်ရွေးစင်လူတစ်ချို့နဲ့ လုပ်ကြံတယ် မရဘူး
နောက်ဆုံး တပ်ဖွဲ့လွှတ်ပြီး ပေါ်ပေါ်တင်တင် သတ်ဖို့ခိုင်းတော့ မခံနိုင်တဲ့သူတွေက
KNU ကို ပုန်ကန်ကြတာပဲ

ပထမပုန်ကန်မှုက ခွဲထွက်ရေးမဟုတ်ဘူး ဘာသာရေးတန်းတူဖြစ်ရမယ်ဆိုပြီး တောင်းဆိုတယ်
အဲ့မှာ ဗိုလ်မြက ဆင်ဖြူတောင်ကိုလာခဲ့ ဆွေးနွေးမယ်ဆိုပြီး ညာခေါ်တယ်
ဗိုလ်မြကို ယုံပြီးသွားမိတဲ့ ဗိုလ်ဖားနွီးတို့အဖွဲ့ အကုန်သတ်ခံလိုက်ရတယ်... ဘုန်းကြီးနဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်လောက်သေတယ်

ဗုဒ္ဓဘာသာကရင်တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်တယ်
အဲ့မှာ ဗုဒ္ဓဘာသာကရင်တွေက KNU ကို ပြန်ခုခံဖို့ လက်နက်နဲ့ခဲယမ်းရိက္ခာ ဘာညာ မပြည့်စုံတော့ ပထမတော်တော်ခံရတယ်
ဒါပေမယ့် နောက်ပိုင်း တပ်မတော်နဲ့ ညှိနှိုင်းလိုက်တော့ အဆင်ပြေသွားတယ်
KNU ကို တောက်လျောက် ပြန်ဖိနိုင်တယ်

ကရင်ပြည်နယ်မှာ ဗုဒ္ဓဘာသာကရင်ကလူများစုပါ... ဘာသာခြားကရင်က အင်းစိန် တောင်ငူ မြစ်ဝကျွန်းပေါ်ပဲ များတာပါ
မြန်မာပြည်သားအများစုက ကရင်ဆို ဘာသာခြားလို့ထင်နေတာ... မှားပါတယ် DKBA ဆိုတာ ဘယ်ကစဖြစ်လာတာလည်းရှင်းပြတာ
ဗိုလ်မြရဲ့ တစ်စောက်ကန်းစိတ်ကြောင့် ဖြစ်ခဲ့တာ... သံလွင်မြစ်ကမ်းမှာ တပ်မှူးတွေ တပ်ရင်းမှူးတွေ ဆယ်ယောက်ကို ဗိုလ်မြကိုယ်တိုင်လှံစွပ်နဲ့ ထိုးသတ်ခဲ့တဲ့ ဘောသရောအရေးအခင်းဆိုတာ KNU တွေအတွက် နာမည်ကြီးပေါ့

အခုလည်း KNU က လီးလီးလားလားတွေ လုပ်ပြနေပြန်ပြီ... ရွှေကရင်တွေ ဘာလုပ်မလဲ ???
Nay Shine Aung
(KNU တွေ ဘုရားကိုအကာအကွယ်ယူပြီး ပစ်နေတဲ့ video ကို အပေါ်မှာကြည့်ပါ)