Get Mystery Box with random crypto!

သမ္မတဖြစ်ချင်သူမှာမိမိမဟုတ်ဘဲ ဒေါ်စုသာဖြစ်ကြောင်း တပ်ချုပ်တုန် | Myanmar Ebooks

သမ္မတဖြစ်ချင်သူမှာမိမိမဟုတ်ဘဲ ဒေါ်စုသာဖြစ်ကြောင်း တပ်ချုပ်တုန့်ပြန်

၂၀၂၁ အာဏာထိန်းသိမ်းမှုတစ်နှစ်ပြည့်ရန် ရက်အနည်းငယ်အလိုတွင် သမ္မတဖြစ်လို၍ အာဏာသိမ်းခြင်းဖြစ်ကြောင်းဝေဖန်သံများတကျော့ပြန်ထွက်ပေါ်လာမှုအပေါ်တုန့်ပြန်
သည့်အနေဖြင့်သမ္မတဖြစ်လိုသည်
မှာမိမိမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်သာဖြစ်ကြောင်း တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တုန့်ပြန်ပြောကြားသည်။

သမ္မတဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာသိထုတ်ပြောခဲ့သော်လည်း ပုဒ်မ ၅၉ စ ကြောင့် ဖြစ်ခွင့်မရသဖြင့်သမ္မတအထက်က နေမည်ဟုထပ်မံပြောကြားခဲ့သော်
လည်း ပုဒ်မ၅၉ (စ) ပြင်ဆင်ရန်မူ တပ်ချုပ်နှင့်မကြာခဏ တိုးတိုး
တိတ်တိတ် သွားရောက်ညှိနှိုင်းနေကြောင်းကို ဇန်နဝါရီ ၂၁ ရက်က ကျင်းပသည့် နစက အစည်းအဝေး ၁/၂၀၂၂တွင် တပ်ချုပ်က

'NLDအစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏ လာရောက်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း'' ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''သမ္မတရူးလို့ အာဏာသိမ်းတယ်လို့နီပေါတွေပြောနေတာကိုတပ်ချုပ်ကိုသမ္မတနေရာပေးရင်တောင်လက်ရှိပြသနာတွေ ပြေလည်ဖို့မသေချာလို့ ဒေါ်စုကတင်းခံခဲ့တာလို့မန်းဝင်းခိုင်သန်းပြောတာကိုတုန့်
ပြန်ပြောတာပေါ့။ ၅၉(စ)ပြင်မှ ဒေါ်စုက သမ္မတဖြစ်မယ်။သူ သမ္မတဖြစ်ချင်တော့၅၉(စ)ပြင်ပေးဖို့တပ်ချုပ်နဲ့တိုးတိုးတိတ်တိတ်သွားညှိတယ်။တပ်ချုပ်က ပြင်မပေးခဲ့ဘူးပေါ့။သူ ဆိုလိုတာက  ငါ သမ္မတဖြစ်ချင်လို့ အာဏာသိမ်းတယ်မပြောနဲ့။သမ္မတဖြစ်ချင်တာဒေါ်စုကွလို့ ပြောချင်တဲ့သဘော''ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဆရာဖြိုးက တပ်ချုပ်၏ မိန့်ခွန်းအပေါ်သူ၏ရှု့မြင်ချက်ကို မိန့်ကြားသည်။