Get Mystery Box with random crypto!

စစ်တပ်အကြောင်းကို ဖောနေတဲ့သူတွေက ကြည့်လိုက်ရင် စစ်တပ်ဂိတ်ရှေ့တ | Myanmar Ebooks

စစ်တပ်အကြောင်းကို ဖောနေတဲ့သူတွေက ကြည့်လိုက်ရင် စစ်တပ်ဂိတ်ရှေ့တောင် ၃ခေါက်ပြည့်အောင်ဖြတ်ဖူးရဲ့လား မသိတဲ့လူတွေ။ ​မင်းတို့ရဲ့မသိချင်းတွေက စာအုပ်သာထုတ်ရမယ်ဆို အတွဲလိုက်ထုတ်မှကိုရမှာ။ တပ်ရင်းဘယ်နှစ်ရင်းရှိမှန်းလဲ မသိဘူး။ အင်အားဘယ်လောက်ရှိမှန်းလဲ မသိဘူး။ ဘာလက်နက်တွေကို ဘယ်ဖွဲ့စည်းပုံနဲ့ တပ်ဆင်ထားကြလဲဆိုတာလဲ မသိဘူး။

အာဏာသိမ်းတာလည်း တစ်နှစ်ကျော်သွားပြီ၊ စစ်တပ်ကလူတွေကို သေခိုင်းတာ သောင်းနဲ့ချီနေပြီ။ စစ်အင်အား ၂သောင်း ၃သောင်းတောင်မရှိဘူးလို့ စပြောခဲ့တာလဲ မင်းတို့ပဲ။ ဒီလောက်ခွက်ခွက်လန်သေနေတဲ့ စစ်တပ်ရဲ့ တပ်ရင်းငှာနချုပ်တခုတလေလေးကိုတောင် မသိမ်းနိုင်ကြသေးဘူး။ ပြောလိုက်ရင် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ ဇလီဖားတုံးသွားကြားထိုးမယ်ဆိုပြီး လုပ်လိုက်တော့ အုပ်ကြီးတို့ ဆယ်အိမ်မှူးတို့ သူတို့နဲ့မတည့်တဲ့ သေနတ်မရှိတဲ့အရပ်သားတွေကို လုပ်ကြံလိုက်၊ တာဝါတိုင်လေးချိုး၊ တိုးဂိတ်လေးဖျက်စီးနဲ့ စောက်ပေါအဆင့်အလုပ်တွေက တက်မလာဘူး။

သာတီတူးကိုင်မယ်လို့ ပြောတာတောင် လက်နက်ကြီးတွေနဲ့ဆော်ခိုင်းတာလားလို့ ထင်နေတဲ့ငဒူတွေက ကကလေက စစ်ရုံးအရာရှိအထာနဲ့ ဖိန့် အသံဖိုင်ထုတ်နေသေးတယ်။ စစ်တပ်ကလူတွေရဲ့ အဆက်အသွယ်၊ အသုံးအနှုန်း၊ လုပ်ထုံးလုပ်နည်းတွေက မင်းတို့လုပ်ကာမှ လမ်းဘေးပွဲစား အဝယ်အငှားလှမ်းမေးနေသလို ဖြစ်နေပြီ။ ဒီလိုစောက်ချိုးနဲ့ အရပ်သားလိုမေးပုံ၊ အရပ်သားလိုဖြေပုံနဲ့ဆို ပါးတောင်ချလို့မလောက်ဘူး ။ လတွေ၊ စလုံးတွေ၊ မင်းမေတွေ၊ ငါတွေ ဖောချင်းသောချင်း မသုံးတတ်ရင် စစ်သားမပီသဘူးတောင် ပြောလို့ရတယ်။

ထားပါစောက်ပေါအထာနဲ့က စောက်ပေါချင်းရယ်၊ စစ်တပ်အကြောင်းမသိတဲ့လူကို ဖောလို့ရရင်တောင် ယုတ္တိတန် မတန်နဲ့တွက်ရင်လွယ်လွယ်လေး။ စစ်ရုံးကစိတ်တိုနေတဲ့ ဗိုလ်ကြီးအသံက ဒီလောက်ပြူးပြဲနေတာ၊ ဖုန်းrecording ဖမ်းထားတာ အသိသာကြီး၊ စိတ်တိုနေတဲ့ဗိုလ်ကြီးက သူဖမ်းထားတဲ့ Recording ကြီးကို သူ့မယားငယ်နီပေါမတွေဆီ ပို့ပေးလိုက်လို့ ပေါက်ကြားတယ်လို့ ဇာတ်လမ်းပါထပ်ထွင်လိုက်ဦး။

ဒီအတိုင်းဆက်ပေါရင် တစ်နှစ်တောင်မကြာတော့ပဲ မင်းတို့တော်လှန်ရေးသက်ဆိုးမရှည်တော့ဘူး။ မြှောက်ပေးတဲ့ဆယ်လီနွားတွေနဲ့ နိုင်ငံရေးသမားတွေက အကုန်လစ်သွားပြီ။ တော်လှန်နေတဲ့ အသုံးချခံလူငယ်တွေလည်း စစ်တိုက်ရတာမလွယ်မှန်းသိနေကြပြီ။ စောက်ကျောတင်းနေတဲ့လူတွေလည်း ပိုင်ဆိုင်မှုတွေ တကယ်သိမ်းခံရတော့ အာမချောင်ရဲတော့ဘူး။ သိမ်းချင်ရင်အမှိုက်သိမ်းဆိုတာကို အဘက အိမ်တွေ ကားတွေ လုပ်ငန်းလေးတွေသိမ်းပေးလိုက်တယ် မှတ်ကရော။

EAOs တွေကို အားကိုးတော့ရော ဘာထူးလဲ။ ပြောလိုက်ရင် ပြည်သူသန်း၅၀နဲ့ EAOs တွေ ဝိုင်းတိုက်မှာမို့ မအလပြေးပေါက်မရှိတော့ဘူးပြောပြီး ပြေးလိုက်ရင်သူတို့ကြီးပဲ။ အင်ဘန်လဆို စောက်လေကြီးပြီး စစ်တပ်ကိုတော်လှန်ပါ ဘာညာလုပ်နေပေမယ့် သူက သူ့ကချင်နယ်ထဲ ဘယ်မြို့ကို တက်သိမ်းနိုင်လို့လဲ။ နေပြည်တော်ဆို တွေးမနေနဲ့တော့။ လုပ်စားကိုင်စားလို့ကောင်းအောင် ယီးစကားပြောနေတဲ့ EAOs တွေကို စောက်ထင်ကြီးနေရင်တော့ မိုးပေါ်ကျကျလာမယ့် ဗုံးတွေ၊ ဒုံးတွေကျလာရင် ဘယ်လိုပုန်းရမယ်ပါ လေ့လာထားကြ။ မင်းတို့ပထွေး EAOs တွေကို ဇရှိရင် ဒီနိုင်ငံက ခွဲထွက်ပါတယ်လို့ ကြေညာခိုင်းလိုက်။

မလုပ်ချင်သေးတာလား၊ မလုပ်ရက်တဲ့ခေါင်းဆောင်တွေကြောင့်လား အနေအစားချောင်နေတာကို အထင်ကြီးနေကြတယ်။ EAOs တွေလည်း အိုင်းယွန်းမန်းတွေမဟုတ်ဘူး၊ ကျည်ထိရင်သေတယ်၊ အမြောက်တွေ လေယာဥ်တွေနဲ့ထုခံရရင် သေတယ်။ သူတို့လည်း သေမှာကြောက်တယ်မပူနဲ့။ ခုပဲကြည့် PDF တွေသိမ်းပါတယ်ဆိုတဲ့ မြို့ဘယ်နှစ်ရက်ထိန်းနိုင်လဲ? စစ်တပ်လာရင် ခံရတာပဲမဟုတ်ဘူးလား။ မြို့နာတာကလွဲရင်မထူးမယ့် တိုက်ပွဲကိုခေါ်တဲ့ မင်းတို့လိုဖြုတ်ဦးနှောက်တွေ ဒီနိုင်ငံကိုဦးဆောင်မယ်ဆို ဝက်ဝက်ကွဲနေတော့မှာ။

ဒီ နီပေါတွေကြောင့်စခဲ့တဲ့တော်လှန်ရေးကျဆုံးရခြင်းက မင်းတို့ရဲ့ မသိခြင်း(လေ့လည်းမလေ့လာ) ပေါင်းများစွာကြောင့်ဆိုတာ တနေ့ကျရင် မင်းတို့သိလာလိမ့်မယ်။
Nectar Kyaw