Get Mystery Box with random crypto!

(အားလုံးဖတ်သင့်) အများစုသိပ်သတိမထားမိတာက ၂၀၁၀ ဦးသိန်းစိန်အစို | Myanmar Ebooks

(အားလုံးဖတ်သင့်)
အများစုသိပ်သတိမထားမိတာက ၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ မြန်မာပြည်က EAO ​တွေမှာ အာရပ်-အစ္စ​ရေးအ​တွေးအ​ခေါ် ဝင်လာကြတာပါပဲ

အာရပ်နဲ့ အစ္စ​ရေး စစ်ပွဲဖြစ်လို့ ​ဆော်ကြနှက်ကြပြီးပြင်းထန်လာသမျှ US၊ ဆိုဗီယက်နဲ့ ကုလသမဂ္ဂ အားလုံးကဝင်​စေ့စပ်ကြရင် အပစ်ရပ်ကြ၊ ငြိမ်းချမ်း​ရေးစကား​တွေပြောကြရမှာသိ​တော့ အစ္စ​ရေးနဲ့ အာရပ်​တွေဟာ အားသာတဲ့နယ်​မြေ​တွေကို ရတဲ့အချိန်မှာ ရနိုင်သ​လောက်သိမ်းကြ၊ ချဲ့ထွင်ကြ၊ ခုခံကြ၊ အခိုင်အမာပြုကြတယ်

ပြီးမှ ​ဆွေး​နွေးအပစ်ရပ်မျဥ်း​ရေးဆွဲကြရင် ရောက်​နေတဲ့​နေရာဟာ ကိုယ့်​နေရာပါပဲ
(ဒီလိုနဲ့ ဂိုလန်ကုန်းမြင့်ကို ရဟူဒီ​တွေ သိမ်းခဲ့တာမဟုတ်လား)

အခုလည်း ငြိမ်းချမ်း​ရေး​ဆွေး​နွေးမယ်ဆိုကြ​တော့ လူလာမတက်ခင် နယ်​မြေ​တွေကို အရပြန်သဲ့ယူကြတာမျိုး​ EAO ​တွေရဲ့လုပ်​ဆဆောင်လာမှုကိုတွေ့ရတယ်

xxxxxxx

KIA ဟာ ဦးသိန်းစိန်လက်ထက် စစ်ပွဲပြင်းထန်ခဲ့လို့ အထိနာသွားချိန် တပ်ကိုတစ်စုတဖွဲ့ထဲ သီးခြားခုခံဖို့ မဖြစ်နိုင်တာကို သ​ဘော​ပေါက်တဲ့အခါ နိုင်ငံ​ရေး​ဆွေး​နွေးပွဲ အီ​​လေးဆွဲပြီး အပစ်ရပ်ကာလ ရှည်ကြာတာကို အသုံးချပြီး EAO အသစ်​မွေးဖွား​ပေးတဲ့ လုပ်ငန်းစဥ်ကို လုပ်​ဆောင်ပါတယ်

ရခိုင်အဖွဲ့ (AA)
တ​အောင်းပ​လောင်(TNLA)
ABSDF(​မြောက်ပိုင်း)နဲ့ ​
ဂေါ်ရခါးလက်နက်ကိုင်အဖွဲ့တို့ကို ဖွဲ့ခဲ့တဲ့ အထဲက AA နဲ့ TNLA တို့ဟာ အလုပ်ဖြစ်ခဲ့ပါတယ်

အနည်းဆုံး​တော့ ​ဆွေး​​နွေးပွဲမှာ ဒီနှစ်ဖွဲ့အတွက် ထိုင်ခုံနှစ်လုံးပေးရတာမျိုးပါ ... ကိုယ်ရမယ့်မဲနဲ့ အသံလည်း ပိုများလာတာ​ပေါ့
ဒီလိုနဲ့ ကိုယ်တိုင်မတိုက်လိုတဲ့အခါ Proxy War လုပ်ပြီး Buffer Zone ခြားတဲ့ လုပ်ငန်းစဥ်မျိုးပါပဲ

အပြည့်အစုံဖတ်ရန်
https://telegra.ph/EAO-04-30