Get Mystery Box with random crypto!

ဒုတိယကမ္ဘာစစ်မှာ အစ ပထမက German တွေက Russia ကို ဝင်တိုက်တယ်။ | Myanmar Ebooks

ဒုတိယကမ္ဘာစစ်မှာ အစ ပထမက German တွေက Russia ကို ဝင်တိုက်တယ်။

Nazi German တွေရဲ့ လုပ်ရပ်တွေက အတော်ဆိုးရွားခဲ့ပါတယ်။

နောက်ပိုင်း စစ်ရှုံးတော့ Russia တပ်နီတော်က Germany နိုင်ငံထဲကို ဝင်လာပြီး Berlin မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီလို Berlin မြို့အရောက် ချီတက်တဲ့ လမ်းတစ်လျောက်မှာ Russian စစ်သားတွေက German အမျိုးသမီး ပျိုပျိုအိုအို တွေ့သမျှကို မုဒိန်းကျင့်လာခဲ့တာ အမျိုးသမီး ၂-သန်းလောက် မုဒိန်းကျင့်တာ ခံခဲ့ရပါသတဲ့။

အဲဒီအထဲမှာ နောင်တစ်ချိန်မှာ Germany အဓိပတိ Helmut Kohl ရဲ့ ဇနီး Hannelore Kohl ဖြစ်လာမယ့် Johanna Klara Eleonore လည်း ပါဝင်ပါတယ်။ အဲဒီလို ကျူးလွန်ခံရစဉ်မှာ Ms. Hannelore Kohl ဟာ အသက် ၁၂-နှစ်ဘဲ ရှိပါသေးတယ်။

ဒုတိယကမ္ဘာစစ် အပြီးမှာ Japen နဲ့ German ဗိုလ်ချုပ်ကြီးတွေ စစ်ရာဇဝတ်မှု စွဲချက်နဲ့ ကြိုးစင်တက်ခဲ့ကြရပေမယ့် Russian စစ်သားတွေရဲ့ အထက်ပါ ကျူးလွန်မှုတွေအတွက် ဘယ်နိုင်ငံတကာတရားရုံးကမှ အပြစ်တင်တာ စွပ်စွဲတာတွေ မရှိခဲ့ပါဘူး။

အဲဒီလိုပါဘဲ ဒီအရေးအခင်း စ,တဲ့အချိန်ကနေပြီး ယခုအချိန်အဖိ PDF တွေရဲ့ ဒလန်းရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ သေဆုံးခဲ့ရသူပေါင်း ထောင်ဂဏန်းကြီးကြီး ရှိနေပါပြီ။

အဲဒီသေဆုံးရသူတွေကို ဘယ်အဖွဲ့ ဘယ်အဖွဲ့က သူတို့ သတ်ဖြတ်တာပါ လို့ တရားဝင် ဖြေကြားထားတာတွေကို BBC လို နိုင်ငံတကာတနိးဝင် media ကြီးတွေက တင်ပေးထာတွေ အထောက်အထား ခိုင်ခိုင်မာမာ ရှိပါတယ်။

သို့သော် အဲဒီကိစ္စတွေအတွက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ သံရုံးတွေက ဘာဆိုဘာမှ လေသံတောင် မဟခဲ့ပါဘူး။

အဲဒီလို သတ်ဖြတ်မှုတွေကို အားပေးနေတဲ့ လှုံ့ဆော်နေတဲ့ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ကို အကြမ်းဖက်မှုတွေကို လက်မခံပါဘူး ဆန့်ကျင်ပါတယ်ဆိုတဲ့ US ကလည်း သူ့ရဲ့ ဥပဒေတွေနဲ့ အရေးမယူသလို Facebook ကလည်း အရေးမယူပါဘူး။

ဆိုတော့ နိုင်ငံတကာ စံနှုန်း ဆိုတာတွေ၊ နိုင်ငံတကာ ဥပဒေ ဆိုတာတွေ နိုင်ငံတကာ အဖွဲ့အစည်း ဆိုတာတွေကို မယုံကြည်နိုင်တော့တာ အထင်အမြင်သေးလာတာ ကျွန်တော့်အနေနဲ့ မှားတယ် မထင်မိပါဘူး။

အဲဒီ နိုင်ငံတကာ အဖွဲ့အစည်း ဆိုတာတွေရဲ့ သောက်ကြီးသောက်ကျယ် စံနှုန်းတွေကို မြင်ရတွေ့ရရင်သာ အူနှိပ်ပြီး ရယ်ချင်နေမိတာပါဘဲ။

အဲဒါကြောင့် U.S Embassy Rangoon တို့ BBC တို့ Meta Myanmar တို့ ဘာတင်တင် ha ha ထိုင်ပေးနေတာပါ။

Htoon Aung Kyaw