Get Mystery Box with random crypto!

စာအုပ်ပေါင်း ၁၀ သန်းကျော် အလကားရမယ့် Telegram Channel နိုင်ငံ | Myanmar Ebooks

စာအုပ်ပေါင်း ၁၀ သန်းကျော် အလကားရမယ့် Telegram Channel

နိုင်ငံတကာက ရောင်းအားအကောင်းဆုံးစာအုပ်တွေ ဖတ်ချင်ပေမယ့် တစ်အုပ်ကို မြန်မာငွေ ၄ သောင်းလောက်အနည်းဆုံးဖြစ်နေတော့ လူငယ်တွေ လက်လှမ်းမမီကြဘူး။

စျေးကြီးလို့ဘဲဖြစ်ဖြစ် ပြည်တွင်းမှာစာအုပ်ရှာဝယ်မရလို့ဘဲဖြစ်ဖြစ် ဝယ်မဖတ်ဖြစ်တဲ့သူတွေအတွက် မျှဝေပေးတာပါ။

ပိုက်ဆံမပေးတာက ခိုးတာပဲဆိုတော့ ဖြစ်နိုင်ရင်တော့ မူရင်းစာအုပ်ကိုဝယ်ကြဖို့တိုက်တွန်းပါတယ်။ စာရေးဆရာတွေကတော့ စာအုပ်ခိုးတာဖြစ်လို့ ခွင့်လွှတ်ကြမယ်ထင်ပါတယ်။ :D

အဆင့် ၂ ဆင့် လုပ်ရမယ်။

၁။
https://z-lib.org/ website ထဲမှာ sign up ကိုနှိပ်ပြီး email နဲ့အကောင့်အရင်ဖွင့်ပါ။ အကောင့်ပွင့်သွားပြီး email confirmation လည်းလုပ်ပြီးပြီဆို အဆင့် ၂ ကို ဆက်သွားပါ။

၂။
https://1lib.domains/profileEdit.php ကိုနှိပ်ပါ။ ခုနကဖွင့်ထားတဲ့အကောင့်နာမည်နဲ့ပေါ်လာလိမ့်မယ်။ အောက်အထိဆွဲကြည့်လိုက်ရင် "Link To Telegram Bot" ဆိုတဲ့ခလုတ်လေးရှိတယ်။ နှိပ်လိုက်ပါ။ စာအုပ်အစုံရမယ့် Telegram Channel ကိုရောက်ပါလိမ့်မယ်။

Start ကို နှိပ်လိုက်ရင် စာအုပ်ရှာလို့ရပါပြီ။
အဲဒီ channel ထဲမှာပဲ message ပို့ပြီးရှာရမှာဆိုတော့ လွယ်တယ်။
စမ်းကြည့်ကြပါ။ ပညာရပ်ဆိုင်ရာ စာအုပ်တွေလည်းရှိတယ်။

Admin လုပ်ကြည့်တာ အဆင်ပြေပါတယ်။ စာအုပ်တွေ အစုံရတယ်။
Pdf ထက် Epub file တွေက ဖတ်ရပိုအဆင်ပြေတယ်။ Epub ဖတ်တဲ့ app ဆိုရင်တော့ ReadEra ဆိုတဲ့ app ရှာကြည့်ပါ။