🔥 Burn Fat Fast. Discover How! 💪

ရုရှားမှာ နာမည်ကြီးတဲ့ Арбат လမ်းဆိုတာ ရှိသတဲ့။ ဘာလို့နာမည်ကြီ | Myanmar Ebooks

ရုရှားမှာ နာမည်ကြီးတဲ့ Арбат လမ်းဆိုတာ ရှိသတဲ့။ ဘာလို့နာမည်ကြီးသလဲဆိုတော့ အနုပညာသုခမ ပုံတူ လက်ရာတွေကို ၅ မိနစ်ခန့်အချိန်ပေးရုံနဲ့ ချွတ်စွပ်တူ ပန်းချီကားချပ်တွေကို အဲ့ဒီလမ်းမှာ ရလို့ပါပဲ။ ဒါ့အပြင် စွယ်စုံသော ဂီတသံစဉ်တွေကို ဒီလမ်း‌ လေးမှာပဲ လမ်းဘေးတီးဝိုင်းငယ်တွေ၊ တစ်ဦးချင်း ကျွမ်းကျင်မှု Skill တွေနဲ့ တီးမှုတ်ဖျော်ဖြေကြတယ်လို့ဆိုတယ်။


မနေ့က နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပုံတူကို ပန်းချီဆွဲပြီး လက်ဆောင်ပေးခဲ့သူက အပြည်ပြည်ဆိုင်ရာ အာကာသ ISS စခန်းမှာ သူ့ရဲ့ကိုယ်ပိုင် ပန်းချီတွေကို ပြပွဲလုပ်ပြီး ကမ္ဘာ့ ဂင်းနစ် စံချိန်ရထားသူ ပန်းချီပညာရှင် အလက်ဇန္ဒား အလက်ဇန်းဒရိုဗစ် စီလော့ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့‌အောင်မြင်ကျော်ကြားမှုအနေနဲ့ ရုရှားနိုင်ငံ ပညာရေးဝန်းကြီးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့သဘာဝသိပ္ပံ ဆိုင်ရာ ကျောင်း အစ်လက်ထရောနစ် ဖတ်စာအုပ်တွေမှာ ၃ တန်း ၊ ၄ တန်းက‌ လေးတွေကို ထည့်သွင်းသင်ကြားပေးနေသလို Moscow State Academic Art Institute မှာလည်း ဒုတိယ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်း ဖြစ်တယ်။


ဘာပဲဖြစ်ဖြစ် ဝန်ကြီးချုပ်ရဲ့ ဒီရုရှားခရီးစဉ်ဟာ အလက်ဇန္ဒားရဲ့ ပန်းချီကားကြောင့် အမှတ်တရ ဖြစ်နေမှာတော့ သေချာပါတယ်။

#ဖိုးစီ