Get Mystery Box with random crypto!

ICJ မှာ တရားစွဲခဲ့တဲ့ ဒီဖြစ်ရပ်က တပ်မတော်အပေါ်သီးသန့်ဆွဲချက်တင | Myanmar Ebooks

ICJ မှာ တရားစွဲခဲ့တဲ့ ဒီဖြစ်ရပ်က တပ်မတော်အပေါ်သီးသန့်ဆွဲချက်တင်တာမျိုးမဟုတ်ဘူး။ မြန်မာဆိုတဲ့ နိုင်ငံအပေါ်မှာ စွဲချက်တင်ခြင်းမျိုး ဖြစ်တယ်ဆိုတာကို မြန်မာ အများစု၊ Khit Thit မီဒီယာအပါအဝင် လူအများစုက သဘောမပေါက်ကြဘူး။ ဒါကြောင့်လည်း Khit Thit က မနေ့က သတင်းဖော်ပြချက်မှာ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်လို့ သုံးနှုန်းသွားတာ ဖြစ်တယ်။ မြန်မာဆိုတဲ့ နိုင်ငံအပေါ်ကို တရားစွဲဆိုတာ ဖြစ်လို့ ဒီအမှုစတင်ဖြစ်ပွားခဲ့ချိန် တာဝန်ယူထားတဲ့ တည်ဆဲအစိုးရ ဖြစ်တဲ့ NLD က ဦးဆောင် ဖြေရှင်းခဲ့တာ ဖြစ်သလို လက်ရှိအစိုးရအပြောင်းအလဲကာလမှာ ဒီအမှုကိုပဲ နစက က တာဝန်ယူ ဖြေရှင်းနေရခြင်း ဖြစ်တယ်။ ဆိုလိုတာက အစိုးရအပြောင်းအလဲနဲ့ မဆိုင်ဘူး။ နစက နဲ့ တပ်မတော်ကို သီးသန့် တရားစွဲနေတာမဟုတ်ဘူး။ နိုင်ငံ‌ တော်ကို တရားစွဲ‌နေခြင်း ဖြစ်တယ်ဆိုတာ သိဖို့လိုတယ်။

လက်ရှိအမိန့်ချမှတ်မှုအရ ဒီအမှုကို ICJ က လက်ခံအတည်ပြုပြီးသလို ဖြစ်သွားလို့ တရားရေးအရ အရေးယူနိုင်ဖို့ အမှုကိစ္စတွေ တည်ဆောက်စရာ ရှိတာ တည်ဆောက်သွားမှာဖြစ်တယ်လို့ အကြမ်းဖျဉ်း နားလည်လို့ရတယ်။ ဒါပေမယ့် စိုးရိမ်စရာ လိုလားလို့မေးရင် ၁၉၈၆ ခုနှစ်မှာ ICJ မှာဘဲ Nicaragua နိုင်ငံက အမေရိကန်နိုင်ငံကို တရားရေးမှာ အနိုင်ရဖူးတယ်။ Nicaragua နိုင်ငံကို လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့ပေမယ့် အမေရိကန်က ဂရုမစိုက်ခဲ့ဘူး။ ယူကရိန်း- ရုရှားစစ်ပွဲနဲ့ ပတ်သက်ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရုရှားက လုပ်နေပါတယ်ဆိုပြီး စစ်ပွဲတွေ ရပ်တန့်ပေးဖို့ အမိန့်ချမှတ်ဖူးတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကိုလည်း ပူတင်လည်း ဂရုမစိုက်ခဲ့ဘူး။

ပြောချင်တာက ဒီအမှုရဲ့ အဆုံးသတ် ဆုံးဖြတ်ချက်က ဘာဖြစ်ပါစေ မြန်မာနိုင်ငံအနေနဲ့ စိုးရိမ်စရာ မရှိဘူး။ သို့သော် ... မြန်မာနိုင်ငံရဲ့ အနောက်ဘက် ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းအမဲစက်ကြီးအဖြစ်နဲ့ ပုံရိပ်ဆိုးဖြစ်အောင်လို့ မရရအောင် ပုံဖော်သွားမှာဖြစ်တယ်။ ခုလည်း ကိုယ့်တိုင်းရင်းသား‌တွေဟာ မြေပြင်မှာ အသတ်ခံရတဲ့အပြင် ICJ မှာပါ နိုင်ငံက တရားစွဲခံရတဲ့အဖြစ်ဟာ မြန်မာနိုင်ငံအတွက်တော့ မိအေး ၂ ခါနာရတဲ့အဖြစ်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကုလား-ရခိုင်အရေးအခင်းဟာ ခုမှ ဖြစ်လာခဲ့တာမဟုတ်ဘူး။ လွတ်လပ်ရေးနဲ့အတူ တချိန်တုန်းကလည်း ရခိုင်ရွာပေါင်း ၃၀၀ ကျော်လောက် မြေပုံပေါ်က ပျောက်ခဲ့ဖူးတယ်။ ဒါတောင် တချို့သော နီပေါ တွေက ICJ မှာ မြန်မာ ရှုံးပါစေလို့တောင် Comment တွေပေးနေကြတာကို အံ့အားသင့်ဖွယ် မြင်တွေ့ရသေးတယ်။

Phoe Si