🔥 Burn Fat Fast. Discover How! 💪

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် (၄) ရပ်ကွက်ရှိဆွမ်းလောင်းဓမ္မ | သံတော်ဆင့် 2

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် (၄) ရပ်ကွက်ရှိဆွမ်းလောင်းဓမ္မာရုံ၌  သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းလောင်းလှုုရန် ချက်ပြုတ်စီစဉ်နေကြစဉ်အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်၍လက်လုပ်မိုင်း တစ်လုံး ပစ်ထည့်ထွက်ပြေးခဲ့ရာ မိုင်းမှာပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်းသိရပြီး ဖောက်ခွဲလုပ်ကြံသူများအား သက်ဆိုင်ရာမှ စုဲစမ်းရှာဖွေလျှက်ရှိကြောင်း သိရသည်။မြဝတီ မြို့နယ်အတွင်းတွင် အကြမ်းဖက် PDF များအနေဖြင့် KNU ​၏ အကာအကွယ်ရယူ၍ အကြမ်းဖက် လုပ်ငန်းများ ကျုးလွန်လျက်ရှိပြီး ယခုအခါ ဗုဒ္ဓဘာသာဝင်တို့​၏ ဝါတွင်းဓလေ့ အလှူအတန်း တို့ကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းပင်ဖြစ်သည်။KNU တို့အနေဖြင့် ၎င်းတို့ ​၏ ဘာသာရေးအား လေးစားသကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့​၏ ဘာသာရေးဓလေ့ထုံးစံအား လေးစားလိုက်နာရန် လိုအပ်မည်ဖြစ်ပါသည်။သို့ဖြစ်၍ KNU အနေဖြင့် PDF အကြမ်းဖက်များအပေါ် မည်သို့ ဆက်လက်လုပ်ဆောင်မည်အား မေးမြန်းရမည်ဖြစ်ပါသည်။
လင်းနေ