🔥 Burn Fat Fast. Discover How! 💪

ဒီနေ့ ဆီဆိုင်တွေမှာ ဆီပြတ်တယ်လို့ သတင်းတွေ တက်လာတော့ အံဩရတယ်။ | သံတော်ဆင့် 2

ဒီနေ့ ဆီဆိုင်တွေမှာ ဆီပြတ်တယ်လို့ သတင်းတွေ တက်လာတော့ အံဩရတယ်။ အခုတလော မြန်မာနိုင်ငံက ဆီဆိုင်တွေနဲ့ ပတ်သက်ပြီး အယူအဆတွေ လွဲနေတာတွေ့ရတယ်... တကယ်တော့ မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီက အလုံအလောက်ရှိပြီးသားပါ...ဒါတင်မကသေးဘူး..လမ်းမှာလည်း မြန်မာပြည်ကို ဝင်မဲ့ tanker တွေ အများကြီး ရှိနေပါတယ်။ အနီးဆုံးပြောရရင် တစ်ပတ်အတွင်း တန် ၅၀၀၀၀ ပင်လယ်ဝ ရောက်ပြီး ကမ်းကပ်ဖို့ စောင့်နေတဲ့သင်္ဘောတွေလည်း အများကြီး.... အခုပဲကြည့်လေ...Denko၊ BOC စတဲ့ ဆီဆိုင်ကြီးတွေမှာလည်း အကန့်အသတ်မရှိ ဆီတွေရောင်းချပေးနေတာ တွေ့ရတယ်... ဒီတော့ ပြည်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိတ်ပူနေစရာမလိုပါဘူး...