Get Mystery Box with random crypto!

ရေစကြိုမြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက် PDF များက | သံတော်ဆင့် 2

ရေစကြိုမြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက် PDF များကသတ်ဖြတ်ခဲ့ကြောင်း
ဧပြီလ ၂၅ ရက်
မနေ့က နေ့လယ် ၂ နာရီခွဲခန့်တွင် ရေစကြို့မြို့နယ်၊ ရွှေချောင်းကျေးရွာတွင် နေထိုင်သူ ဦးဝေလင်းသည် ပြင်ဦးလွင်မြို့ရှိ ဆဌတိပိဋကဆရာ အရှင်ဝါရိန္ဒ ဘိဝံသ၏ တရားရိပ်သာ ဆောက်လုပ်နေမှုအား ကူညီကြီးကြပ်ရန်အတွက် ရေစကြိုမြို့မှ တော်ဝင်မဟာ ခရီးသည်ယာဉ်ဖြင့် မန္တလေးမြို့သို့ လိုက်ပါလာခဲ့ရာ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာအနီး အရောက်၌ အကြမ်းဖက် PDF များမှ ယာဉ်အားရပ်တန့်စေပြီး ဦးဝေလင်းအား ဒလန်ဟုစွပ်စွဲကာ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရှိရသည်။
#SQ