Get Mystery Box with random crypto!

အေးပေါ့ ATM စက်ကြီးက စစ်သားတွေ လာထုတ်ကြတာကို။ လီးmission ATM | သံတော်ဆင့် 2

အေးပေါ့ ATM စက်ကြီးက စစ်သားတွေ
လာထုတ်ကြတာကို။

လီးmission ATMစက်ပါဆို ပြည်သူပဲ ထိ
မှာပေါ့ဟ။


စောက်ဥဏှောက်က ချီးဘရိန်းနဲ့

မန္တလေး (၁၁)လမ်းပေါ်ရှိ KBZ ATM တစ်ခု ဗုံးထုခံရ၊
ပြည်သူတစ်ဦး ထိခိုက်သွားသည့်အပေါ် ပြောက်ကျားအဖွဲ့ တောင်းပန်

MFP ၊ ဧပြီ - ၂၉

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၁) လမ်း (၈၁×၈၆)လမ်းကြားပေါ်မှာရှိတဲ့ KBZ ATM တစ်ခုကို မနေ့က ည(၈)နာရီခွဲအချိန်လောက်မှာ ဗုံးထုခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ABC စတိုးဆိုင်ရှေ့မှာရှိတဲ့ အမှိုက်ပုံးအနီးက KBZ ATM စက်ကို ဗုံးထုခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ ဝဲ၊ ယာလက်ဖျံပေါက်ပြဲဒဏ်ရာ၊ ဝဲလက်သန်းပေါက်ပြဲဒဏ်ရာ၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာနဲ့ ဝဲခါးစောင်းပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ MFP ရဲ့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

Mission ဆောင်ရွက်ရင်း ပြည်သူတစ်ဦး ထိခိုက်ခဲ့တဲ့အတွက် Myanmar Revolution Rangers Force (Mandalay) က ရဲဘော်များကိုယ်စား ညှိုးငယ်စွာနဲ့ တောင်းပန်ပါတယ်လို့ အဲဒီအဖွဲ့က ဒီမနက်မှာ စာထုတ်ပြန်ထားပါတယ်။

" ပြည်သူထိတယ်ဆိုတော့ ရင်ထဲမကောင်းဘူး၊
ကျွန်တော့် ညံ့ဖျင်းမှုကြောင့်ပါ " လို့ MRRF ခေါင်းဆောင် ဗိုလ်အောင်မြေက MFP ကို ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ ပြည်သူနဲ့ မရပ်တည်တဲ့ KBZ ဘဏ်ရဲ့ ATM စက်တွေကို ပြောက်ကျား တပ်ဖွဲ့ဝင်တွေက မကြာခဏ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ၊ ပေးပို့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အောင်မြေသာစံ #kbzatm