🔥 Burn Fat Fast. Discover How! 💪

တမူးမြို့သို့ ကျောင်းသုံးစာအုပ်များသွားရောက်ပို့ဆောင်သည့် ယာဉ် | သံတော်ဆင့် 2

တမူးမြို့သို့ ကျောင်းသုံးစာအုပ်များသွားရောက်ပို့ဆောင်သည့် ယာဉ်တန်းအား PDF အကြမ်းဖက်များမှ ချောင်းမြောင်းပစ်ခတ်
======================
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက် #FiftyTwoNews
မနေ့က နေ့လယ် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ဒေသခံ ပြည်သူလူထု၏ ရင်သွေးငယ်များဖြစ်သော ကျောင်းသား/သူများ ပညာသင်ကြား နိုင်ရန်အတွက် ကျောင်းသုံးစာအုပ်များများ ကလေးမြို့မှ တမူးမြို့သို့ လုံခြုံရေးအဖွဲ့များမှ သွားရောက်ပို့ဆောင်ရာကလေး-တမူးကားလမ်းမကြီး ရန်လင်းဖိုင်ကျေးရွာနှင့်နန့်မွတ်တား ကျေးရွာသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်များမှလက်နက်ငယ်၊ လက်လုပ်သေနတ်များဖြင့် (၂)ကြိမ်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးသွားကြောင်းဒေသခံများ၏ ပြောကြား ချက်အရ သိရပါသည်။