🔥 Burn Fat Fast. Discover How! 💪

စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန်နှင | သံတော်ဆင့် 2

စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန်နှင့် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံရန် နှင့် ကွပ်ကဲအုပ်ချုပ်ရန် လိုအပ်မည်
နေပြည်တော် ဇွန် ၈
တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများအားလုံးသည် မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် တာဝန်ထမ်းဆောင်နေခြင်းပင်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို၏ဆန္ဒအလျောက် တပ်မတော်အတွင်း ဝင်ရောက်လာကြသူများဖြစ်သဖြင့် မိမိကိုယ်ကို ဂုဏ်ယူပြီး တန်ဖိုးထားကြရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန်နှင့် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် မိမိကိုယ်ကိုမိမိ တိုးတက်အောင် အမြဲလေ့လာလေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ထည့်သွင်းပြောကြားသည်။
#TatmadawDailyActivity