🔥 Burn Fat Fast. Discover How! 💪

Jun 12 ထားဝယ် တက္ကသိုလ်မှ ကထိကတစ်ဦးနှင့် ထွေအုပ်ဝန်ထမ်းတစ်ဦး | သံတော်ဆင့် 2

Jun 12

ထားဝယ် တက္ကသိုလ်မှ ကထိကတစ်ဦးနှင့် ထွေအုပ်ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်သမားများကသတ်ဖြတ်
~~~~
~~~~

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အေးကျေးရွာတွင်ဇွန်လ ၁၂ ရက် ညနေ ၆ နာရီအချိန်က ထားဝယ်တက္ကသိုလ်မှ ကထိကတစ်ဦးနှင့် ထွေအုပ်ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်သမားများကသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှကထိက ဒေါက်တာဝင်းဗိုလ်သည် ဇနီးဖြစ်သူနှင့်အတူ နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက်သမားများရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သည့်အတွက် ဒေါက်တာဝင်းဗိုလ်မှာဦးခေါင်းနှင့် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းသိရသည်။

ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပန်းတင်အင်း
ကျေးရွာ၌ ပင်လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မြမြမိုးသည်နေအိမ်တွင် ဘုရားပန်းလဲနေစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်အတွက် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပစ်ခတ်ခံရသည့်နေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။
#SQ
#TFM
https://t.me/snowqueen1245