Get Mystery Box with random crypto!

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော | သံတော်ဆင့် 2

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ သွားရောက်လေ့လာကြည့်ရှု

နေပြည်တော် ဇွန် -၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ၊ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တည်ဆောက်ဆဲ ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း သို့ သွားရောက် လေ့လာ ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့အား စက်ရုံစီမံကိန်း အစည်းအဝေးခန်းမ၌ စီမံကိန်းတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ဒုတိယ မန်နေဂျာ ဦးမင်းသွင်ခန့် တို့က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က သိရှိလိုသည်များမေးမြန်းပြီး စက်ရုံလုပ်ငန်း စတင်လည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်ပြီး ၁ ယူနစ်လျင် ၈.၅၉ ဆင့် နှုန်းဖြင့်ဖြန့်ချိနိုင် မည် ဖြစ်၍ ဒေသအတွက် များစွာ အကျိုးရှိန်ုင်မည် အခြေအနေများ၊ စက်ရုံစီမံကိန်း အကောင် အထည်ဖော်မှုနှင့် စက်ရုံလည်ပတ်ချိန်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက် မှုမရှိစေရေး ဆောင်ရွက်ရန် အခြေအနေများ၊ စက်ရုံပတ်ဝန်းကျင် ဒေသခံ ပြည်သူ များအတွက် ကျန်းမာရေး၊ ပညာရေးနှင့်ပတ်သက်သော Corporate Social Responsibility (CSR) လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ စီမံကိန်း ဆောင်ရွက်မှုကို သတ်မှတ် စံချိန် စံနှုန်း များ ပြည့်မီစွာဖြင့်ရည်မှန်းကာလ ပြီးစီးရေး ဆောင်ရွက်ရန် အခြေအနေများ၊ စီမံကိန်း အကောင်အထည်ဖော်မှု သတ်မှတ် ကာလ အတွင်း စက်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လေ့လာလိုသည့် ပညာရှင်များ ရှိပါက လာရောက်လေ့လာနိုင်မည့် အခြေအနေများကို ပြန်လည် ဆွေးနွေးပြောကြား သည်။

ထို့နောက် သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း စက်ရုံတွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော မြန်မာနိုင်ငံတွင် ပထမဦးဆုံးအသုံးပြုမည့် စွမ်းအားအမြင့်ဆုံးနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး စက်ရုံလည်ပတ်စဉ် ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးလုပ်ငန်း(EPGE)မှ အင်ဂျင်နီယာများအား စက်ရုံတွင်ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှု ပြုပြင် ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများအား လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့များသည် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံ အစည်းဝေး ခန်းမ တွင် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ တင်ပြချက် များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့များသည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ် သို့သွားရောက်၍ တာဝန်ရှိသူများ နှင့်တွေ့ဆုံ ကာကျောင်းအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေး ခဲ့ကြောင်းသတင်းရရှိသည်။