🔥 Burn Fat Fast. Discover How! 💪

ရဲဘော်က မူးပြီး သူတို့ချင်းပြောချင်ရာပြောတာ အဲ့တာကို RFA ကာသေ | သံတော်ဆင့် 2

ရဲဘော်က မူးပြီး သူတို့ချင်းပြောချင်ရာပြောတာ

အဲ့တာကို RFA ကာသောက်ဖက်လုပ်ပြီး
Blame နေသေးတယ်


RFA က တက်လာတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်သားဟောင်းတယောက်ရေးတာလေး သဘောကျလို့ယူလာတာ။ သိစေချင်တာ တခုက ဒီ‌ဘက်ခေတ်မှာ ရင်ဆိုင်ရတဲ့ စစ်သားတယောက်ရဲ့ Pressure က အင်တာနက် မရှိတဲ့ ဘိုးတော် ဘုရားခေတ်မှာ တပ်ခွဲ တစ်ခွဲ လူ ရာကျော်နဲ့ စစ်တိုက်ရတဲ့ Pressure က မတူဘူးဆိုတာပါပဲ။ အရပ်သားတွေ သတ်ဖြတ်ခံရတာကို မမျှတဘူးလို့ တခါမှမရေးဘူး၊ တိုင်းပြည်ရဲ့ စစ်စခန်းနေရာတွေ အတိုက်ခံရချိန်မှာ နာရကောင်းမှန်း မသိတဲ့သူက ခုကျမှ ဂျနီဗာ ကွန်ဗန်းရှင်းတွေ အသံထွက်လာတာ အံ့ဩစရာပဲ။ ငါသာ စစ်ခေါင်းဆောင် Commander ဆိုရင် အရပ်သားနဲ့ PDF ခွဲလို့မရတဲ့ မြေပြင်အခြေအနေနဲ့ ထန်းလျက်ခဲ ချသလို စစ်ကြောင်းလာရင် လူရာချီပြီး ဝိုင်းအုံတိုက်ခိုက်နေတဲ့ ဒီလိုနေရာမျိုးမှာ လက်လွတ်စပယ် သတ်ဖြတ်တာမျိုးကလွဲရင် ငါ့လက်အောက်ငယ်သားတွေကိုပဲ ကာဗာပေးမယ်။ မမေ့နဲ့။ ဗီယမ်နမ်မှာ အမေရိကန်တပ်မကြီး တခုက လူပေါင်း ၅၀၀ ကျော် သတ်တဲ့ မိုင်လေး ဖြစ်စဉ်ရှိတယ်။ တာဝန်ရှိတဲ့ သူလည်း ကွင်းလုံးကျွတ် လွတ်ဖူးတယ်။ ခုက လက်နက်ကိုင်ပြီး တိုက်ခိုက်နေတဲ့ စစ်မြေပြင်နေရာ။ အရပ်သားနဲ့ PDF ဆိုပြီး နဖူးမှာ စာရေးထားတာ တယောက်မှ မရှိဘူး။ #ဖိုးစီ