🔥 Burn Fat Fast. Discover How! 💪

ပြည်သူတို့၏ ဆန္ဒ အမှန် ကျွန်တော်ကတော့ ဘယ်သူတွေနိုင်လို့ ဘယ် | သံတော်ဆင့် 2

ပြည်သူတို့၏ ဆန္ဒ အမှန်


ကျွန်တော်ကတော့
ဘယ်သူတွေနိုင်လို့
ဘယ်သူတွေ ရှုံးသွားသလဲ
သိပ်ပြီး စိတ်မဝင်စားပါဘူး။

ဘာ့ကြောင့်လဲ ဆိုတော့
ကျောင်းသားအရွယ်
ကလေးငယ်တွေရဲ့
ဖြူစင်တဲ့ ဘဝတွေကို
လူညစ်ပတ်တွေရဲ့
နိုင်ငံရေး ဂိမ်းကစားပွဲထဲမှာ
ထိခိုက် နစ်နာစရာတွေ
မဖြစ်စေချင်ဘူး။

ကလေးတွေ ကျောင်းတွေတက်
ပျော်ပျော်ရွှင်ရွှင် စာသင်စေချင်တာ
အရောင်မပါ သန့်ရှင်း ဖြူစင် တဲ့
ကျွန်တော့်စေတနာ သက်သက် မျှသာပါ။

ဒီကနေ့ ရန်ကုန်က မြို့ပေါ်က
ကျောင်းကြီးတွေ အတော်များများမှာ
ကျောင်းတက်သူ အတော်များလို့
ကျောင်း ကြိုပို့ကားတွေ ကလေးမိဘတွေနဲ့
ကိုဗစ်ကာလ မတိုင်မီက ပုံစံအတိုင်း
ပြန်လည်စည်ကားနေတာ တွေ့ရလို့
ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။

ဒါဟာ နိုင်ငံရေးသမား
လူညစ်ပတ်တွေရဲ့
အနိုင်အရှုံးနဲ့ မသက်ဆိုင်ဘူး။

ဒါဟာ မိဘတွေက မိမိတို့ သားသမီးတွေကို
အနာဂတ် ပညာရေး နောက်ကျမကျန်ရစ်စေရေး
အာရုံစူးစိုက်မှု တစ်ခုသာ ဖြစ်တယ်လို့ ယူဆပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။

ကျောင်းတွေ စည်ကားနေတယ် ဆိုတာ
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်
ကောင်းမွန်တဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား။

ဒါကြောင့် ဝမ်းသာ ပီတိ ဖြစ်မိတယ်လို့ ဆိုရခြင်းပါ။crd ပြည်ထောင်စု