🔥 Burn Fat Fast. Discover How! 💪

အတိတ်ကာလ တစ်ခုတုံးက စစ်ပွဲတွေ ရပ်ဆိုပြီး ဆန္ဒပြကြ တဲ့ လူတန်းစာ | သံတော်ဆင့် 2

အတိတ်ကာလ တစ်ခုတုံးက
စစ်ပွဲတွေ ရပ်ဆိုပြီး ဆန္ဒပြကြ
တဲ့ လူတန်းစား တစ်ရပ်ကို
ပြန်သတိရ မိပါတယ်။

အဲ့ဒီ လူတန်းစားတစ်ရပ် ကို သေချာ
ပြန်လည် လေ့လာကြည့်လိုက်တော့
ယနေ့ ယခု လက်နက်မဲ့ ပြည်သူတွေ
ကို ပစ်ခတ် Thetဖြတ်နေသူ များ
ထိုသို့ ပြည်သူလူထု အပေါ်အကြမ်း
ဖက်Thetဖြတ်နေသူများကို လက်နက်/
ခဲယမ်း ရ ရှိစေရန် ငွေးကြေးထောက်ပံ့
နေသူများ ဖြစ်နေတာကို ပြန်တွေ့
ရပါတယ်။

လက်ရှိကာလသည် မြန်မာ့သမိုင်းတွင်
တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသော မြန်မာ့
တပ်မတော်က တစ်တိုင်းပြည်လုံး
အတိုင်းအတာနဲ့ ထိုးစစ် တွေကို ရပ်ဆဲ
ထားသော ကာလဖြစ်ပါတယ်။

အကယ်၍ ဒီနေ့ ဒီကာလမှာ င​ြိမ်းချမ်း
ရေးကို စိတ်စေတနာမှန်နဲ့ လိုလားသူ
တွေသာ ဖြစ်ကြမယ်ဆိုရင် မြန်မာပြည်
က င​ြိမ်းချမ်းနေရမည့် ကာလများ
ဖြစ်ပါတယ်။

နိုင်ငံတော် အာဏာကို အဓမ္မနည်းနဲ့
မဲခိုးရယူဖို့ ကြိုးစားခဲ့သော NLDပါတီ
တောခို ခဲ့ပြီး နောက်နိုင်ငံတော်ပြိုကွဲပျက်စီးခဲ့ရင်နိုင်ငံတော်ကနေခွဲထွက်လို သော
အခွင့်အရေးကို စောင့်မျှော်နေကြတဲ့
လက်နက်ကိုင် အချို့ဟာ တောခို nld
ထောက်ခံသူတွေကို လက်နတ်တတ်ဆင်ပေးပြီး ပြည်တွင်းမှာ အကြမ်းဖက်
မှုများ မတည်မင​ြိမ်မှုများ ဖြစ်လာ
အောင် ဝိုင်းလုပ်ခဲ့ကြတယ်။

ပါတီစွဲ ပုဂ္ဂိုလ်စွဲ ကြီးမားပြီး အသိဥာဏ်နဲပါးသောဗမာအချို့ဟာ လက်နက်ကိုင် ကြပြီး ဗမာချင်းပြန်
Thetခြင်းဖြင့် ဗမာတွေ အင်အားချို့တဲ့
လာနိုင် တယ်ဆိုတာကို လက်နက်ကိုင်
အချို့က သိနေခဲ့ကြတယ်။

ပြည်တွင်းသစ္စာဖောက်လောက်တွေ
ကို ဖယ်ရှားပြီး နိုင်ငံတော်ကို ထိန်းသိမ်း ပေးထားရတဲ့ နိုင်ငံ့တပ်မတော် ဟာ နိုင်ငံသားချင်းပဲ
ဆိုတဲ့ အယူအဆရှိပြီး အနိမ့်ဆုံးအဆင့်
အနည်းဆုံး အင်အားနဲ့ ပြည်တွင်း
အကြမ်းဖက်မှုတွေကို ဥပဒေနဲ့ အညီ
သာ ကိုင်တွယ်ခဲ့ပါတယ်။

တစ်ဖက်မှာပြည်ပြေး
အုပ်စု များဟာ ၄င်းတို့ရဲ့ သခင်ကြီး
များ၏ နိုင်ငံ တွင် ကျွန်အစစ်ဖြစ်
ကြောင်း သက်သေပြကြပြီး သွားရောက် ခိုလှုံ ခဲ့ကြပါတယ်။

ပြည်ပ ကို ရောက်တဲ့ အခါ အင်တာ
နက်ကို အသုံးချပြီး မြန်မာပြည်တွင်း
အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွား
စေရန် မြန်မာနိုင်ငံပျက်စီးရေး ကို
ပြည်တွင်းနေ အသိဥာဏ်နဲပါးသော
အစွန်းရောက်များဖြင့် ဆက်သွယ်လုပ်
ကိုင်ခဲ့ကြတယ်။

ဒါနဲ့ပက်သက်လို့ အာဆီယံက မြန်မာ
နိုင်ငံသားတွေဟာ ကို့နိုင်ငံ ကိုဖျက်စီး
နေကြတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

မြန်မာ့သမိုင်းကို ပြန်ကြည့်တဲ့အခါ
အာဏာသိမ်းတာ အာဏာထိန်းတာ
စတာတွေက အထူအဆန်းကိစ္စရပ်
မဟုတ်ပါဘူး။

နိုင်ငံတော်အပေါ်သစ္စာမရှိသော
လက်ဝေခံ အစိုးရမျိုးတွေ နိုင်ငံတော်
ပြိုကွဲ စေမည့် အခြေအနေမျိုးတွေ
ဖန်တီးလာသော အစိုးရမျိုးတွေ နဲ့
ကြုံတွေ့ခဲ့ရတဲ့ အခါတိုင်း တပ်မတော်က ထိန်းသိမ်းပေးခဲ့ရတာကို တွေ့ရ
ပါတယ်။

အလားတူပဲ ပတ်ဝန်းကျင်နိုင်ငံတွေ
ကိုလေ့လာတဲ့အခါမှာလည်း တစ်ပါတီ
စနစ်၊ ကွန်မြူစနစ်၊ တွေနဲ့ အုပ်ချုပ်တဲ့
နိုင်ငံတော် ရှိသလို အာဏာသိမ်းဖြစ်စဥ်
တွေ အကြိမ်ကြိမ်ဖြစ်ခဲ့သော နိုင်ငံ
တွေကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံ ၂၀၂၁ ခုနှစ်ရွေးကောက်ပွဲ
ကာလ မှာ မဲမသမာမှုများလုပ်ခဲ့သော
ပါတီကို တပ်မတော်က ၂၃ ကြိမ်တိတိ
ဖြေရှင်းကြဖို့ တင်ပြ ခဲ့တာကို တွေ့
ရပါတယ်။

ဖြေရှင်းဖို့ အခွင့်အရေး အကြိမ်း
ပေါင်းမြောက်များစွာရခဲ့တဲ့ nldပါတီ
ဟာ မဖြေရှင်းခဲ့ပဲ တောခိုသူပုန်ထ
ပုန်ကန်ပြီး အာဏာကို အခြားနည်းလမ်း နဲ့ ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်
ခဲ့ကြပုံရပါတယ်။

ထိနိးသိမ်းမှုတွေ ထဲမှာ ၂၀၂၁ ခုနှစ်
ဖြစ်စဥ်က ညှင်သာလှပါတယ်။
သွေးမြေကျမှု လုံးဝ မရှိခဲ့တာပါ။

မဲမသမာမှုတွေမှာ တာဝန်ရှိသော
ပုဂ္ဂိုလ်များ နှင့် နိုင်ငံတော်ဘဏ္ဍာကို
အာဏာရှိတဲ့ အချိန်ကာလမှာ ခိုးယူ
ထားသော သူများကိုသာ ဥပဒေ နဲ့
အညီအရေးယူ ဖို့ တပ်မတော်က
ဆုံးဖြတ်ထားပုံရပါတယ်။

အခြား nldပါတီ က လွှတ်တော်အမတ်
တွေ အုပ်ချုပ်ရေးကဏ္ဍတွင်ပါဝင်သော
သူများကို လွှတ်ပေးခဲ့ပါတယ်။

ထိုသို့လုပ်ဆောင်ခြင်းမှာ တပ်မတော်က တရားမျှတ သော ရွှေးကောက်ပွဲ
ကို မကြာခင်ပြန်လည်ကျင်းပပေးပြီး
ဥပဒေနှင့်အညီ ပြန်လည်အရွေးခံကြ
ဖို့ မျှော်လင့်ထားခဲ့ခြင်းဖြစ်နိုင်ပါတယ်။

သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်
ခဲ့ပဲ ပြန်လည်လွှတ်ပေးလိုက်သော
nld အမတ်တွေ ဟာ အသိဥာဏ်နဲပါး
သော လူအချို့ကို စည်းရုံးပြီး နိုင်ငံတော် အတွင်းအကြမ်းဖက်မှုများ
ဆူပူအုံကြွမှုများ လုပ်ဆောင်လာခဲ့
ကြပါတယ်။

ဥပဒေ ချိုးဖောက် ဆူပူအုံကြွရင်
ရဲ နဲ့ တပ်က ထိန်းရတာ ကမ္ဘာ့ဘယ်
နိုင်ငံမှာ မဆို ကျင့်သုံးသော ဖြစ်ရိုး
ဖြစ်စဥ် လုပ်ငန်းဆောင်တာတွေပါ။

ဒါတွေကို ပြည်ပြေးသစ္စာဖောက်
မီဒီယာ များနဲ့ပေါင်းပြီး လူမှုကွန်ယက်
တွေ ပေါ်ကိုတင် မဟုတ်မမှန်သတင်း
တွေ ဆက်တိုက်ရေးသား လာခဲ့ပါတယ်။

နိုင်ငံရေးအသိမရှိတဲ့ လူငယ်အချို့ နဲ့
အသိဥာဏ်နဲပါးသူများ နားယောင်ကြ
ပြီး လမ်းမှားပေါ်ရောက် တောခို့ ဘဝ
ပျက်ကြရပါတော့တယ်။

၁၉၈၈ ခုနှစ် နဲ့ ၂၀၂၁ ခုနှစ် မတူညီသော အချက်တွေက အာဏာထိန်းတဲ့
တပ်မတော်သာ ဥပဒေ နှင့်အညီသာ
ဆောင်ရွက်ပြီး အင်အားမသုံးခြင်း
ဖြစ်ပါတယ်။