🔥 Burn Fat Fast. Discover How! 💪

NLDပါတီဥက္ကဌ ကိုယ်တိုင် CRPH. NUG.PDFဆိုတာတွေကို မသိဘူးမကြားဖူ | Online News Channel

NLDပါတီဥက္ကဌ ကိုယ်တိုင် CRPH. NUG.PDFဆိုတာတွေကို မသိဘူးမကြားဖူးပါဘူးလို့ တရားရုံးမှာ ထွက်ဆိုချက်ပေးခဲ့တဲ့အတွက် ဒီထွက်ဆိုချက်ဟာ မှန်မမှန် လူတိုင်းသုံးသပ်နိုင်တဲ့ကိစ္စသာဖြစ်ပါတယ်။

အကျဥ်းသားထောင်သားတွေတောင် တီဗီ​​​ကြည့်ခွင့်၊သတင်းစာဂျာနယ်ဖတ်ခွင့်ရနေတဲ့ ခေတ်မှာ နေအိမ်အကျယ်ချုပ်နေသူက တီဗီသတင်းစာ ရေဒီယို တွေအားလုံးအ ဆက်ဖြတ်ခံထားရမှသာလျှင် မသိမကြား တာ ဖြစ်နိုင်ပါလိမ့်မယ်။

နိုင်ငံတော်အစိုးရက အကြမ်း ဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေငြာထားတဲ့ NUGမှာ NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၊NLDပါတီဒုဥက္ကဌ(၁)ဦးဝင်းမြင့်ကိုသမ္မတအဖြစ် ထည့်သွင်းဖွဲ့စည်းထားတာဖြစ်တဲ့အတွက် NLDထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဟာအကြမ်းဖက်အဖွဲ့ စာရင်းထဲမှာပါဝင်နေတဲ့ အနေအထားဖြစ်နေပါတယ်။

ပါတီသဘာပတိအဖွဲ့ဝင်ဦးဝင်းထိန်ကိုယ်တိုင်က ဆူပူအုံကြွကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းကြောင်းစာမှန်ကန်ကြောင်း သူ့အသက်နဲ့ရင်းပြီးအာမခံပါတယ်လို့ဖော်ပြထားခဲ့တဲ့အတွက်အခုဖြစ်ပျက်နေတဲ့ ဆူပူအကြမ်းဖက်လုပ် ရပ်တွေရဲ့ တရားခံ NUG.PDF တွေကိုမသိဘူးဆိုတာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်မှုတစ်မှုထပ်တိုးမှာစိုးရိမ်လို့ "ဘူး" ခံ နေရတဲ့ အနေအထားသာဖြစ်ဖို့များနေပါတယ်။

NLD ပါတီခေါင်းဆောင်ပိုင်းများနဲ့ပါတီဝင် အများအပြား အကြမ်းဖက်အဖွဲ့အစည်း CRPH.NUG.PDFမှာပါဝင်လှုပ်ရှားနေကြတာကို ပါတီဝင်အဖြစ်ကထုတ်ပယ်ခြင်း၊ကန့်ကွက်ခြင်းများ မပြုခဲ့တဲ့အတွက် NLD ပါတီဟာ အလိုတူအလိုပါ အကြမ်း ဖက်အဖွဲ့အစည်းတွေကိုထောက်ခံအားပေးတဲ့ပါတီဖြစ်နေပြီ ဖြစ်ပါတယ်။

အခု ပါတီဥက္ကဌရဲ့အနီးကပ် အတွင်းလူယုံကိုယ်တိုင် အကြမ်းဖက်လူသတ်မှုတွေ ဦးဆောင်စီမံ လုပ်ကိုင်ခဲ့တယ်ဆိုတဲ့အ ထောက် အထားများပြသခြင်းဟာ နိုင်ငံရေးအရ "NLDပါတီမဖျက်သိမ်းသင့်ဘူး"လို့ ယူဆနေသူတွေကို အကြမ်းဖက်ပါတီအဖြစ် မြင်သာအောင် ပြလိုက်ခြင်းလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြသူတွေလည်းရှိပါတယ်။

နိုင်ငံရေးအရ ဘယ်လိုဆုံးဖြတ်မယ် မသိနိုင်ပေမယ့် ဥပဒေကြောင်းအရ NLDပါတီ ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်ပတ်သက်နေကြောင်း ငြင်းမရအောင် ခိုင်လုံနေပြီဖြစ်လို့ ဥပဒေအတိုင်းအတိအကျလုပ်ရင် NLD ပါတီဖျက်သိမ်းခံရတော့မှာသာ ဖြစ်ပါတယ်။

#SitNyein