🔥 Burn Fat Fast. Discover How! 💪

NLD တစ်ပါတီအာဏာရှင်တွေရဲ့ အလွန်အကျွံမဲမသမာမှု လုပ်ရပ်တွေကြောင် | Online News Channel

NLD တစ်ပါတီအာဏာရှင်တွေရဲ့ အလွန်အကျွံမဲမသမာမှု လုပ်ရပ်တွေကြောင့် ပြည်သူ့တပ်မတော်ဟာ မလွဲမရှောင်သာပဲ တိုင်းပြည်အာဏာကို ခေတ္တဝင်ထိန်းလိုက်ရတယ်။

တစ်ကယ်တော့ အနောက်အုပ်စုနဲ့ NLDခေါင်းဆောင်တွေ လိုချင်တာဟာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီ၊စစ်တပ်က အာဏာလုလိုက်ပြီဆိုတဲ့ အခြေအနေမျိုးကိုလိုချင်တာပါ။

တစ်နည်းဆိုရရင် မြန်မာစစ်တပ်ဟာ လက်နက်အားကိုးပြီး ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ အစိုးရကို အာဏာသိမ်းလိုက်ပြီ၊ ပြည်သူတွေခေါင်းငုံ့မခံကြနဲ့၊ ရတဲ့နည်းနဲ့တော်လှန်ကြ၊ အခုကိစ္စဟာ စစ်တပ်နဲ့ NLD ဖြစ်တဲ့ ပြဿနာမဟုတ်ဘူး၊ စစ်တပ်နဲ့ ပြည်သူအားလုံးဖြစ်တဲ့ပြဿနာဆိုပြီး သွေးထိုးပုံဖော်လိုက်ကြတယ်။

NLD အာဏာမက်ပြီး မဲခိုးတာကို မဖြေရှင်းပဲ ဖုံးကွယ်ကြတယ်၊ အမှန်က NLD အစိုးရဦးဆောင်ပြီး ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတခဲ့မယ်ဆိုရင် တပ်မတော်က အာဏာထိန်းတဲ့ကိစ္စကြီး ပေါ်လာစရာအကြောင်းမရှိပါဘူး။

NLD ခေါင်းဆောင်ပိုင်းဟာ အာဏာလက်လွှတ်လိုက်ရမယ့်အခြေအနေမျိုး ကြုံတွေ့ လာရင် ဘာတွေလုပ်ဆောင်မယ်ဆိုတာ ကြိုတင်ကြံစည်ခဲ့ကြပါတယ်။

အာဏာရှိစဥ်မှာ အလွှာပေါင်းစုံကို စည်းရုံးသိမ်းသွင်းခြင်းတွေနဲ့လက်နက်အများအပြား သိုလှောင်ခြင်းတွေလုပ်ဆောင်ပြီး ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖန်တီးဖို့ ကြိုတင်ကြံစည်ခဲ့ကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများစွာဟာ ရည်ရွယ်ချက်ရှိစွာနဲ့ NLDပါတီရဲ့ ကြိုတင်စီစဥ်မှုတွေကြောင့် ဖြစ်ပေါ် လာရတာလည်းဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် တပ်မတော်ပြိုကွဲဖို့ ၊ တပ်မတော်အင်အားချိနဲ့ဖို့ ၊ တပ်မတော်နဲ့ပြည်သူ သွေးကွဲစေဖို့ပဲဖြစ်ပါတယ်။

တပ်မတော်ပြိုကွဲရင် တိုင်းပြည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားမှာဖြစ်ပါတယ်၊ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်တွေကို NLD ပါတီက ဖန်တီးခဲ့တာလို့ဆိုရမှာပါပဲ။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ တပ်မတော်ရဲ့ အဓိကတာဝန်ကြီးတွေဟာ အလွန်ကောင်းမွန်နေတာကို သူတို့မနှစ်သက်ကြပါဘူး။

အဲ့ဒီအချက်(၃)ချက်ကို နည်းလမ်းပေါင်းစုံနဲ့ ဖျက်ဆီးနေကြတာ ဒီကနေ့အခြေအနေတွေက သက်သေပြနေပါတယ်။

ပြည်ထောင်စုကြီးမပြိုကွဲချင်ရင်တော့ NLDပါတီကနေပေါက်ဖွားလာတဲ့ NUG ၊ CRPH ၊ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ကင်းစင်ပပျောက်သွားဖို့ တပ်မတော်တစ်ခုမှာပဲတာဝန်ရှိတာမဟုတ်ပဲ တိုင်းရင်းသားပြည်သူအားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို နှစ်သစ်ကူးည အမှတ်တရအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

#MTN
31-12-2021
22:00 pm