🔥 Burn Fat Fast. Discover How! 💪

NLD အစိုးရငါးနှစ်မှာစိတ်ကြိုက်လာဘ်ယူပြီးအဆင်တွေပြေခဲ့တဲ့ဝန်ထမ် | Online News Channel

NLD အစိုးရငါးနှစ်မှာစိတ်ကြိုက်လာဘ်ယူပြီးအဆင်တွေပြေခဲ့တဲ့ဝန်ထမ်းတွေကတော့ CDM လုပ်ပြီးအလုပ်ပြုတ်သွားလည်းအေးဆေးပဲ ဂရုမစိုက်ဘူးတစ်သက်စားမကုန်တဲ့လာဘ် ငွေတွေနဲ့အဆင်ပြေနေကြပြီလေကြားထဲကသူတို့ကိုအားကြပြီးဘုမသိဘမသိပဲ CDM လိုက် လုပ်တဲ့ဝန်ထမ်းတွေကတော့ ခုချိန်မှာ ငတ်ပြတ်နေကြပြီလေ
ဒါကြောင့် NLD အစိုးရလက်ထက်မှာပြန်ပျက်သွားတဲ့ လျှပ်စစ်ဝန်ကြီးဌာနရဲ့လုပ်ငန်း တွေကို အခု နစက အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးအနေဖြင့် မည် သို့မည်ပုံ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမှာလဲဆိုတာ ပြည်သူတွေသိချင်နေပါတယ်၊ ပြည်သူတွေ အခုချိန်မှာ လျှပ်စစ်နဲ့ပတ်သက်ပြီးဒုက္ခတွေရောက်နေကြရပါတယ်
မီတာဆောင်နေတဲ့အိမ်တွေကိုကျတော့ ပုံမှန်မီတာအပြင်ဒဏ်ကြေးတွေပါတပ်တယ် မီတာမဆောင်တဲ့အိမ်တွေကျတော့လဲလုံးဝ(လုံးဝ)မီတာမဆောင်ဘူး မီလဲမဖြတ်ဘူးအေးရာ အေးကြောင်းမီးသုံးစွဲနေကြတယ်၊ မီတာဆောင်တဲ့သူတွေကြတော့ လျှော့ပေါ့မှုမရှိတဲ့အပြင် မဆောင်တဲ့သူတွေအတွက်ပါပေါင်းပြီးတောင်းနေလာမသိဖြစ်နေပါတယ်
မီတာမဆောင်လိုမီးဖြတ်တဲ့နေရာတွေမှာကြတော့လည်း မီးဖြတ်လိုက်ပြီးသိပ်မကြာ ခင်ပဲ အဖြတ်ခံရတဲ့အိမ်က ငွေ(၅)သောင်းလောက်ပေးလိုက်တာနဲ့မီးပြန်တပ်ပေးလိုက်တယ် မီတာမဆောင်လဲရတယ်သုံးပါတဲ့ လာစစ်ဆေးရင်ကျွန်တော်တို့ကြိုတင်ပြောပေးမယ်ဆိုပြီး ညှိ့နှိုင်းပြီးအဆင်ပြေသွားကြပြန်တာပဲ
အဲ့တော့ မီတာလည်းမဆောင်ဘူး မီးလာဖြတ်မှာပဲ မီးဖြတ်တဲ့ဝန်ထမ်းကိုငွေပေးပြီး အေးရာအေးကြောင်း မီးသုံးနေလိုက်ရုံပေါ့ ဒါတွေကိုပြည်ထောင်စုဝန်ကြီးမသိတာလား၊ သိအောင်မတင်ပြကြတာလားဆိုတာ မသိနိုင်ပါ၊ ကြည်သူတွေရဲ့ယုံကြည်မှုကု ရရှိပြီး ဦးစိုးဝင်းနဲ့ ဦးသိန်းစိန်တို့လက်ထက်ကအတိုင်း ပြန်ဖြစ်ဖို့ နစက အစိုးရကြီး ပြုပြင်ထိန်းသိမ်းဆောင်ရွက်သင့်ဖို့လိုပြီဆိုတာကို အကြံပြုလိုပါတယ်။

#ပြည်သူတစ်ဦး