🔥 Burn Fat Fast. Discover How! 💪

USDP ပါတီဝင်တွေ ဘာကြောင့်လုပ်ကြံခံရတာလဲ ****** ၁။ စေခိုင်းသူ N | Online News Channel

USDP ပါတီဝင်တွေ ဘာကြောင့်လုပ်ကြံခံရတာလဲ
******
၁။ စေခိုင်း
NUG/CRPH က စေခိင်းခြင်းဖြစ်သည်။

၂။ လုပ်ကြံသူ
PDF အကြမ်းဖက်အဖွဲ့ဝင်များက လုပ်ကြံခြင်းဖြစ်သည်။

၃။ ဘာကြောင့်လုပ်ကြံကြတာလဲ
USDP ပါတီဟာ တပ်မတော်အစိုးရ(နယက)လက်ထက်မှာ တပ်မတော်ရဲ့အဓိကပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသင်းအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီမှာ အသင်းကနေ ပါတီအဖြစ်ပြောင်းလဲပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင် အနိုင်ရကာ (၅)နှစ်သက်တမ်းအစိုးရဖွဲ့နိုင်ခဲ့သည်။

၄င်းကာလများကတည်းက NLD ပါတီသည် USDP အစိုးရအား ပုံရိပ်ကျဆင်းစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်။

NLD ပါတီ အစိုးရဖြစ်သည့် ကာလများတွင် USDP ပါတီက အတိုက်အခံပါတီအဖြစ်နှင့် NLD အစိုးရအား ဝေဖန်ထောက်ပြခြင်းများအပေါ် အငြှိုးထားခဲ့ကြသည်။

USDP ပါတီသည် တပ်မတော်မှ မွေးဖွားလာခြင်းဖြစ်သည်နှင့်အညီ မြန်မာ့တပ်မတော်အား အမြဲတမ်းထောက်ခံပြီး တပ်မတော်နှင့်အတူ ရပ်တည်​ခဲ့ကြသည်၊ NLD အစိုးရ လက်ထက် တပ်မတော်ထောက်ခံပွဲများက သက်သေဖြစ်သည်။

NLD ပါတီသည် ၁၉၉၀ ကာလများကတည်းက တပ်မတော်ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ခဲ့သည်ဖြစ်သဖြင့် တပ်မတော်နှင့် တပ်မတော်ကို ထောက်ခံသူများကို ရန်သူသဖွယ် သတ်မှတ်ခဲ့ကြသည်။

ရွေးကောက်ပွဲ မဲမသမာမှုများကို ဖြေရှင်းခြင်းမလုပ်ဆောင်ခဲ့သဖြင့် NLDပါတီဟာ အစိုးရသစ်ဖွဲ့နိုင်ခြင်းမရှိတော့ပဲ တပ်မတော်က အာဏာထိန်းလိုက်ခြင်းအပေါ် လွန်စွာမကျေမနပ်ဖြစ်ခဲ့ကြသည်။

တပ်မတော်က အာဏာထိန်းလိုက်ပြီးနောက်ပိုင်း ယနေ့အချိန်အထိ ပြည်ခိုင်ဖြိုးပါတီဝင်ပေါင်း (၇၀၀)ကျော် လုပ်ကြံခံခဲ့ရသည်။

တပ်မတော်ကိုထောက်ခံလို့ ၊ NLD အစိုးရအပေါ် ဝေဖန်​ပြောဆိုခဲ့ကြလို့၊ နစက အစိုးရကိုထောက်ခံကြလို့ သတင်း​ပေးကြလို့ စတဲ့ အချက်တွေကြောင့် အညှိုးတကြီး လုပ်ကြံကြခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဝင်များသာမက နိုင်ငံဝန်ထမ်းများ၊ တပ်မတော်မိသားစုများ၊ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ဆရာ/ဆရာမများ၊သံဃာတော်များနှင့် အခြားသော တပ်မတော်ထောက်ခံသူများလည်း လုပ်ကြံခြင်းခံကြရပါသည်။

တပ်မတော်က အာဏာမထိန်းခဲ့ရင်တော့ ဒီလိုဖြစ်စဥ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

တပ်မတော်က အာဏာထိန်းခြင်းအပေါ် ကောင်းခြင်း/မကောင်းခြင်း မဝေဖန်လိုပါ၊ တပ်မတော်ကလည်း အကြမ်းဖက်အဖွဲ့များကို ထိထိရောက်ရောက် ချေမှုန်းနေသည်ကိုကျွန်ုပ်သိရှိထားပါသည်။

အချို့သော တပ်မတော်အရာရှိများအနေနဲ့ USDP ပါတီကို အထင်လွဲပြီး ပြောဆိုနေသည်များရှိနေကြပါသည်၊ USDP အာဏာပြန်ရဖို့ တပ်က ကာကွယ်ပေးနေရသယောင်မျိုး ပြောဆိုနေကြခြင်းပဲဖြစ်သည်။

USDP ပါတီဟာ အစိုးရဖြစ်ခဲ့ချိန်မှာရော အစိုးရမဖြစ်ခဲ့ချိန်မှာရော တပ်မတော်ရဲ့ အဓိကတာဝန်ကြီးများဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အာဏာတည်တံ့ခိုင်မြဲရေး ဆိုတဲ့အချက်များကို ဆန့်ကျင်ခဲ့ခြင်းမရှိခဲ့ပါ။

နိဂုံးချုပ်အနေနဲ့ပြောရရင် USDP ပါတီအစိုးရဖြစ်လာရင် NLD လက်ထက် ကာကွယ်ရေးအသုံးစရိတ်လျှော့ချခံရတာမျိုး မကြုံရဘူးပေါ့ဗျာ။

နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးအတွက် အပြည့်အဝတာဝန်ယူထားတဲ့ တပ်မတော်နဲ့ USDP ပါတီဟာ တစ်သားထဲဖြစ်နေတယ်လို့ ရေးသားတင်ပြလိုက်ရပါသည်။

#မြန်မာနိုင်ငံသားတစ်ဦး
(19-1-2022)