🔥 Burn Fat Fast. Discover How! 💪

#လူငယ်နဲ့လူလည် တိုင်ရင်းသားလက်နက်ကိုင်များရှိတဲ့အရပ်ကို လွတ်မ | Online News Channel

#လူငယ်နဲ့လူလည်

တိုင်ရင်းသားလက်နက်ကိုင်များရှိတဲ့အရပ်ကို လွတ်မြောက်နယ်မြေဆိုပြီး ရေးသားကြ၊ပြောဆိုကြပေမယ့် အဲ့ဒီဒေသတွေဟာ လွတ်မြောက်နယ်မြေမဟုတ်ပါဘူး။

လွတ်မြောက်နယ်မြေဆိုတာ(နစက) အစိုးရရဲ့ အုပ်ချုပ်မှုကနေကင်းလွတ်တဲ့ အခြားသောတိုင်းပြည်များသာ ဖြစ်ပေလိမ့်မည်။

လွတ်မြောက်နယ်မြေအစစ်ကိုရောက်ဖို့ ပြည်ပကို ရောက်အောင်ထွက်နိုင်ကြဖို့လိုပါတယ်၊ ဒါမှလည်း လုံလုံခြုံခြုံရှိကြမှာပါ။

မြို့ပေါ်ဆန္ဒပြပွဲတွေပြီးတဲ့နောက် လူငယ်အများစုကို လွတ်မြောက်နယ်မြေပို့ပေးမယ်ဆိုပြီး တောခိုခိုင်းခဲ့ကြတယ်။

ခိုင်းတဲ့သူတွေက လွတ်မြောက်နယ်မြေအစစ်ကိုရောက်သွားကြပြီး၊ လူငယ်တွေကတော့ တိုက်ပွဲတွေကြားထဲကိုရောက်သွားကြပါတယ်။

လည်တဲ့သူတွေလုံခြုံပြီး အတဲ့သူတွေ အမှောင်ထဲကို ရောက်သွားကြတဲ့သဘောပါပဲ။

လူငယ်တွေအနေနဲ့ လူလည်တွေရဲ့ ကစားကွက်ထဲကနေ ရုန်းထွက်ကြဖို့အချိန်တန်ပါပြီ။

#MTN
(22-1-2022)