🔥 Burn Fat Fast. Discover How! 💪

လွိုင်ကော်ကနေ ဆုတ်ခွာသွားတဲ့ KNDF တွေ ဒီမောဆိုအထွက် ၆မိုင် ဒေါ | Online News Channel

လွိုင်ကော်ကနေ ဆုတ်ခွာသွားတဲ့ KNDF တွေ
ဒီမောဆိုအထွက် ၆မိုင် ဒေါပိုးစီဘက်မှာ KNDF
နဲ့ KA . PDF တွေ ပူးပေါင်းပြီး အင်အားအများအပြားနဲ့ ခုခံနေကြတယ် ။
မနေ့ကလည်း အထိအခိုက်အကျအဆုံးတွေ
များခဲ့ပြီး လူနာတွေကိုလည်း 4×4 ကားတွေနဲ့
နမ့်မယ်ခုံဘက်ကို သယ်ထုတ်နေကြတယ်။
ဆေးကုသဖို့လည်း အခက်အခဲတွေ ရှိနေပြီ ။
ကျန်းမာရေး ဝန်ထမ်း မိသားစုတွေကို
ဖမ်းဆီးထားပြီး လူနာတွေကို ကုသခိုင်းနေတယ် ။
ယနေ့ ညနေ ၄နာရီဝန်းကျင်မှာ KNDF KA PDF
ခုခံနေတဲ့အဖွဲ့တွေကို တိုက်လေယာဥ်တွေရယ်
MI 35 ရယ် ရောက်လာပြီး ပစ်ခတ်သွားတယ်လို့
သိရပါတယ် ။
လေယာဥ်နဲ့ပစ်သမျှထဲမှာ ဒီနေ့ပစ်တာတွေက
ပိုများသလို ပိုပြီးပြင်းထန်တယ်လို့ ဒေသခံတစ်ဦး
က ပြောပြလာပါတယ် ။
အကြမ်းဖက်သမားတွေက ရွာထဲကနေ ကားလမ်းမ
ဝဲ ယာ မှာ ခံတုတ်တွေတူးပြီး အခိုင်အမာခံစစ်ဆင်
ထားတယ်လို့ ဆိုပါတယ် ။
မနေ့ကလည်း အလောင်း လက်နက်တွေ အများကြီး
ရှင်းလင်း ရရှိထားပြီး ဒီနေ့လည်း ဝိုင်းဝန်းပိတ်ဆို့
ပြီး ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

#SaiPanHpa