🔥 Burn Fat Fast. Discover How! 💪

မြို့နယ်အသီးသီးမှာ လျှပ်စစ်မီတာသုံးစွဲခ မပေးဆောင်တဲ့ နေအိမ်မျာ | Online News Channel

မြို့နယ်အသီးသီးမှာ လျှပ်စစ်မီတာသုံးစွဲခ မပေးဆောင်တဲ့ နေအိမ်များကို တပ်နဲ့ EPC ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် မီတာဘောက်စ်မှ ကြိုးများကို ဖြုတ်ချပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ခြင်းများရှိပါသည်။

အချို့သောသတင်းများအရ အဆိုပါ မီးဖြတ်တောက်ခြင်းခံရသည့် နေအိမ်များသည် အောက်ခြေလျှပ်စစ်ဝန်ထမ်းများနှင့် ဆက်သွယ်ကာ လျှပ်စစ်မီးကြိုးပြန်သွယ်ပြီး ဆက်လက်သုံးစွဲနေကြသည်ဟု ကြားသိရပါသည်။

ယင်းကဲ့သို့ အောက်ခြေလျှပ်စစ်ဝန်ထမ်းများနှင့်ဆက်သွယ်ပြီး မသမာသောနည်းလမ်းဖြင့် လျှပ်စစ်မီးသုံးစွဲနေခြင်းများအား စိစစ်အရေးယူသင့်ပါသည်။

အချို့မှာ လျှပ်စစ်မီတာခ(၁၀)လခန့်အထိဆောင်ထားခြင်းမရှိကြောင်း၊ (၁၀)လအတွက်(၉)သိန်း(၁၀)သိန်းခန့် ပေးဆောင်မည့်အစား ကျပ်(၄)သိန်းခန့်အကုန်အကျခံကာ မီတာဘောက်စ်အသစ်လျှောက်ထားသုံးစွဲကြမည်ဖြစ်​ကြောင်းတို့လည်း ရပ်ကွက်များအတွင်းပြောဆိုမှုများရှိနေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်မှရရှိသင့်သော ငွေကြေးများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မသမာသောနည်းလမ်းဖြင့် လျှပ်စစ်မီးရယူသုံးစွဲမှုများ မဖြစ်ပေါ်နိုင်စေရေး အကြီးအကဲများမှ ကြိုတင်စီမံဆောင်ရွက်နိုင်ပါရန် အကြံပြုရေးသားတင်ပြလိုက်ရပါသည်။

လျှပ်စစ်မီတာနှင့်ပတ်သက်၍ ရေးသားထားသူတစ်ဦး၏ Facebook Link

https://www.facebook.com/100072034957917/posts/143889094688922/

#မြန်မာနိုင်ငံသားတစ်ဦး