🔥 Burn Fat Fast. Discover How! 💪

'(တိုက်ချီတို) အသက်(၁၂)နှစ်' ********************************* | Online News Channel

"(တိုက်ချီတို) အသက်(၁၂)နှစ်"
**********************************
ေစုက တိုက်ချီတိုကို အရမ်းချစ်တာ၊ ခွေးလို့ခေါ်ရင် မကြိုက်ဘူး၊ ဒါကြောင့် ခြံထဲမှာစာကပ်တာတောင် "သတိခွေးကိုက်တတ်သည်"လို့မရေးခိုင်းဘူး၊ တိုက်ချီတိုဓာတ်ပုံလေးနဲ့"ကိုက်တတ်သည်"လို့ပဲ ရေးခိုင်းခဲ့တယ်။

တိုက်ချီတိုက အမဲသားနဲ့ဆလပ်ရွက်နုနုလေးတွေချက်ကျွေးတာကို တအားကြိုက်တယ်။

အမေစုကလည်း ပြည်ပခရီးကလွဲပြီး ပြည်တွင်းခရီးအားလုံးကိုခေါ်သွားလေ့ရှိတယ်။

တစ်နှစ်တစ်ကြိမ် မွေးနေ့ကိတ်နဲ့ မွေးနေ့ပွဲလုပ်ပေးတယ်၊ သင်္ကြန်မှာလည်း တိုက်ချီတိုအမည်နဲ့ရေကစားမဏ္ဍပ်ဆောက်ပေးတယ်။

ညနေဘက်ဆိုရင် ကားတစ်စီးနဲ့ သပြေကုန်းအဝိုင်းကိုပတ်ပြီး တိုက်ချီတိုလေးအတွက် လေညှင်းခံထွက်ဖို့စီစဥ်ပေးကြရတယ်။

တိုက်ချီတိုလေးက အရမ်းလိမ္မာလွန်းလို့ ပြည်သူတွေကိုတောင် တိုက်ချီတိုလေးလောက်အသိဥာဏ်ရှိကြဖို့တိုက်တွန်းပြောကြားခဲ့သေးတယ်။

တိုက်ချီတိုရေ ကောင်းရာဘုံဘဝရောက်ရှိပါစေကွာ။

#MTN
(11-2-2022)