🔥 Burn Fat Fast. Discover How! 💪

၂၀၁၂ခုနှစ် သမ္မတကြီးဦးသိန်းစိန် လက်ထက် မြန်မာ့လေကြောင်းလိုင်း | Online News Channel

၂၀၁၂ခုနှစ် သမ္မတကြီးဦးသိန်းစိန် လက်ထက် မြန်မာ့လေကြောင်းလိုင်းမှာအသုံးပြုနေတဲ့ သက်တမ်းနှစ်(၃၀)ကြာ Fokker F-28 လေယာဥ်တွေကို ဆက်ပြီးအသုံးမပြုဖို့ ပို့ဆောင်ရေးဝန်ကြီးကို ဦးသိန်းစိန်က​ လမ်းညွှန်မှာကြားခဲ့ပါတယ်။

နှစ်(၃၀)ကျော် လေယာဥ်တွေဟာ စိတ်မချရတော့တာကြောင့် ဆက်ပြီးသုံးမယ်ဆိုရင် ဝန်ကြီးကို တာဝန်က ရပ်စဲမယ်လို့လည်း ပြတ်ပြတ်သားသား မှာကြားပါတယ်။

ဦးသိန်းစိန်ရဲ့ လမ်းညွှန်ချက်​အရ ၂၀၁၂ခုနှစ်ထဲမှာပဲ Fokker F28 လေယာဥ်တွေကို တစ်စီးပြီးတစ်စီး ပျံသန်းမှု ရပ်နားလိုက်ပြီး အမေရိကန်လေယာဥ်အငှားကုမ္ပဏီ GE Civil Aviation Services Limited ကနေ Embraer E-190 လေယာဥ်(၂)စီး ငှားရမ်းအသုံးပြုခဲ့ပါတယ်။

အဲ့ဒီလေယာဥ်အမျိုးအစားဟာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက ပထမဦးဆုံး အသုံးပြုခြင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလမှာ အမေရိကန်အခြေစိုက် GECAS ကုမ္ပဏီကနေ ဒေါ်လာ သန်း(၉၆၀)တန်ဖိုးရှိတဲ့ Boeing 737 800s လေယာဥ်(၆)စီးနဲ့ Boeing 737 Max လေယာဥ်(၄)စီးတို့ကို စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ပါတယ်၊ စင်္ကာပူနိုင်ငံမှာ စာချုပ်ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီစာချုပ်ချုပ်ဆိုခြင်းဟာ မြန်မာနိုင်ငံလေကြောင်းလိုင်းများမှ အကြီးမားဆုံး လေယာဥ်မှာယူခြင်းဖြစ်ခဲ့ပြီး အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ရောင်းဝယ်မှုအကြီးမားဆုံး စာချုပ်လည်းဖြစ်ခဲ့ပါတယ်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလမှာတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။

ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်၊အိန္ဒိယ၊ ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်း စတဲ့နိုင်ငံတွေကို နိုင်ငံပိုင်လေယာဥ်များနဲ့ သွားလာခွင့်ရခဲ့ခြင်းသည်လည်း ဦးသိန်းစိန်၏ လမ်းညွှန်မှုများကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၆၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ လေယာဥ်ပျက်ကျမှု (၆)ကြိမ်ရှိခဲ့ပြီး (၁၁၅)ဦး သေဆုံးခဲ့ပါတယ်။

ဦးသိန်းစိန်လက်ထက်မှာ တရုတ်နိုင်ငံထုတ် လေယာဥ်များအသုံးမပြုပဲ အာမခံချက်ရှိတဲ့ ခေတ်မီလေယာဥ်တွေ ဝယ်ယူသုံးစွဲခဲ့တာကြောင့် ဦးသိန်းစိန်အုပ်ချုပ်သည့် ကာလအတွင်း လေယာဥ်ပျက်ကျတဲ့ဖြစ်စဥ်တွေမရှိခဲ့ပါဘူး၊ ၂၀၁၆ နိုဝင်ဘာမှာ(၁)ကြိမ်နဲ့ ၂၀၁၉ မေလတို့မှာ(၁)ကြိမ် MNA က လေယာဥ်မတော်တဆမှုတွေဖြစ်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။

ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက် ​ပြုပြင်ပြောင်းလဲမှုများစွာထဲက တစ်ခုကို ရေးသားတင်ပြလိုက်ရပါသည်။

#MTN