🔥 Burn Fat Fast. Discover How! 💪

The Heague မြို့က ICJ ကြားနာပွဲကိုဒီနေ့သေသေချာချာကြည့်မိတယ်။ ဒ | Online News Channel

The Heague မြို့က ICJ ကြားနာပွဲကိုဒီနေ့သေသေချာချာကြည့်မိတယ်။ ဒီနေ့မြန်မာဘက်ကတင်ပြချက်တွေဟာ ပြီိးတဲ့တခေါက် အယင်ဒေါ်စုတို့အဖွဲ့တင်ပြချက်တွေထက်အကွက်ကျထိရောက်တယ်လို့ပြောရမှာပါ။

မြန်မာလူထုကလက်ခုပ်လက်ဝါးတီိးအားပေးရမဲ့အခြေအနေပါ။ ဒါပေမဲ့လည်း လူတော်တော်များများက အခြေအနေကိုနားမလည်ဘဲ စစ်တပ်ဆန့်ကျင်ရေးနဲ့ နိုင်ငံသိက္ခာကာကွယ်ရေး ရောထွေးနေတယ်လို့ထင်တယ်။

ICJ ကို အာဏာအပြိုင်လုရမဲ့စင်မြင့်လို့ယူဆနေကြသူတွေရှိတယ်။
ဧရာဝတီသတင်းဌာနကသတင်းခေါင်းစဉ်ရေးထားတာကိုလဲကြည့်ဦး..မီဒီယာတခုအနေနဲ့ ဘယ်လောက်အမြင်ကျဉ်းမြောင်းနေပြီိလဲဆိုတာပြနေတယ်။

မြန်မာပြည်နဲ့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာတွေကိုအမျိုးတုန်းအောင်လုပ်ခဲ့သူတွေ၊ လုပ်မဲ့သူတွေ၊ ရက်စက်ကြမ်းသူတွေအဖြစ်တော့ကျမမယုံကြည်ပါဘူး။ လူမျိုးတုန်းသတ်ဖြတ်မူကျုးလွန်တဲ့ နိုင်ငံတခုအဖြစ် မြန်မာနိုင်နဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကမ္ဘာကသတ်မှတ်သွားကြမှာကိုကျမလုံးဝမလိုလားပါဘူး။

ဒါကြောင်း ဦိးကိုကိုလှိုင်တို့အဖွဲ့ရဲ ရင်ဆိုင်ဖြေရှင်းချက်နည်းလမ်းတွေကိုကျမကြိုဆိုပါတယ်။

ဒေါ်စုက ICJ ကိုရှု့မြင်ပုံကတမျိုးပါ။ NLD အစိုးရကာလ ၂၀၁၇ မှာဖြစ်ခဲ့တဲ့ကိစ္စတွေမှာ သူ့အပြစ်လဲမကင်းတာသူသိပါတယ်။ ဒါကြောင့်သူက ICJ အထိသွားပြီးကာကွယ်တာပါ။

သူ့ကိုသူကာကွယ်ပေမဲ့ စစ်တပ်ကမြေပြင်မှာလိုတာထက်ပိုပြီးလုပ်တာတွေရှိတယ်လို့ ထိုးချပြီိး စစ်တပ်အပေါ်ဖိအားပေးချင်စိတ်များနေတော့ ICJ မှာ ဂမ်ဘီယာရဲ့စွဲဆိုချက်တွေကို လက်မခံဘို့အပြတ်ငြင်းပြီး နိုင်ငံသိက္ခာကို အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ စစ်တပ်ကို ချနင်းချင်စိတ် ပိုများခဲ့တာတွေ့ရပါတယ်။

အခု NUG က ဒေါ်စုထက်ပိုဆိုးနေတာတွေ့ရပါတယ်။ သူတို့က ဒေါ်စု ICJ မှာကန့်ကွက်ခဲ့တာတွေကိုတောင်ရုပ်သိမ်းပြီး မြန်မာနိုင်ငံဟာရိုဟင်ဂျာတွေကိုမျိုးတုန်းအောင်လုပ်ခဲ့ပါတယ်လို့ဝန်ခံမယ့်သဘောရှိပါတယ်။

အဓိကကတော့ သူတို့ကို (NUG)ကို မြန်မာပြည်ရဲ့တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဘို့ပါဘဲတဲ့။
နိုင်ငံ့ဂုဏ်သိက္ခာကိုချနင်းပြီး ဒီလောက်အာဏာရူးတာကတော့ကမ်းကုန်သွားပါပြီ။

မြန်မာနိုင်ငံမှာရိုဟင်ဂျာလို့မူဆလင်တွေအဖိနှိပ်ခံရတာ အချိုးနှိမ်ခံနေရတာကျမသိတယ်။ စာနာတယ်။ ဒါပေမဲ့ ဒါဟာ လူထုအသိုင်းအဝိုင်းအကြားနားလည်မှုနဲ့စာနာမှုတွေတိုးပွါးလာအောင်လုပ်ပေးပြီး အချိန်ယူပြုပြင်သွားရမဲ့ကိစ္စဖြစ်တယ်လို့ကျမခံယူတယ်။ နိုင်ငံနဲ့လူမျိုးကို လူမျိုးတုန်းသတ်ဖြတ်တဲ့အရိုင်းအစိုင်းတွေအဖြစ်နိုင်ငံတကာကသတ်မှတ်လာအောင်လုပ်ပြီးအတင်းဖိအားပေးနေတဲ့တယူသန်အခွင့်အရေးသမားဒေါက်တာဇာနည်လိုလူမျိုးတွေကိုကျမသိပ်မုန်းတယ်။

အခွင့်အရေးဆိုတာမျှတတဲ့နည်းလမ်းနဲ့ယူတာဘဲကောင်းပါတယ်။
ရိုဟင်ဂျာအရေးကို ICJ မှာမငြင်းတော့ပါဘူးဆိုတဲ့ကမ်းလှမ်းချက်နဲ့ မြန်မာတရားဝင်အစိုးရပါလို့ အသတ်မှတ်ခံရရေးကြိုးစားတဲ့ NUG ရဲ့အာဏာရူးမှုဟာမယုံနိုင်စရာပါပဲ။ နိုင်ငံ လူမျိုးသိက္ခာကိုမငှဲ့ဘဲ အာဏာရူးနေကြတာပါ။

#မင်းမင်းအောင်