🔥 Burn Fat Fast. Discover How! 💪

ယနေ့ မရမ်းကုန်းဖြစ်စဉ် ဆန္ဒပြသူများကို ဖမ်းဆီးစဉ် ပြန်လည်ခုခံ | Online News Channel

ယနေ့ မရမ်းကုန်းဖြစ်စဉ်

ဆန္ဒပြသူများကို ဖမ်းဆီးစဉ် ပြန်လည်ခုခံပစ်ခတ်မှုဖြစ်

ရန်ကုန် ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ ဘုရင့်နောင်၊ အောင်သိဒ္ဓိလမ်း ကန်သာဇေယျာကျောင်းတိုက်အနီး ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅း၁၅ နာရီအချိန်က ဖမ်းဆီးစဉ်ပြန်လည်ပစ်ခတ်မှုဖြစ်ကြောင်းသိရသည်။

ကန်သာဇေယျာကျောင်းတိုက်အနီး မင်္ဂလာဝတုတ်ထမင်းဆိုင်အတွင်းတွင် ဆူပူဆန္ဒပြသူများကိုတွေ့သဖြင့် ဝင်ရောက်ဖမ်းဆီးလာစဉ် #လူငယ်နှစ်ဦးကထွက်ပြေးပြီး #သေနတ်ဖြင့်_ပြန်လည်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ စိစစ်ဆဲအမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။

ထမင်းဆိုင်အတွင်းမှ
ဇော်ရဲထက်ပါ ကျား ၃ ဦး၊
မ ၄ ဦးကို
လက်လုပ်ဗုံးနှစ်လုံး၊
မီးခိုးဗုံးတစ်လုံး၊
မျက်နှာဖုံးများ၊
ဆန့်ကျင်စာများ၊
ဆေးပတ်တီးများ၊
အလံများ၊
ယာဉ်အမှတ် BB/6503 အငှားယာဉ်တစ်စီးနှင့် အတူဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိသောအဖွဲ့သည် နံနက်ပိုင်းက ရန်ကင်း (၁၃) ရပ်ကွက်၊ မိုးကောင်းလမ်းနှင့် သစ္စာလမ်းဆုံတွင် ဆန္ဒပြခဲ့သူများဖြစ်ကြောင်းလည်း သတင်းရရှိသည်။