🔥 Burn Fat Fast. Discover How! 💪

ဒါတွေဟာ လျှပ်စစ်ကဏ္ဍကို မဖြစ်မနေပြောင်းခဲ့ရတဲ့ ကိစ္စတစ်ခုပဲဖြၽ | Online News Channel

ဒါတွေဟာ လျှပ်စစ်ကဏ္ဍကို မဖြစ်မနေပြောင်းခဲ့ရတဲ့ ကိစ္စတစ်ခုပဲဖြၽတယ်၊ အဲ့ဒီလို စွန့်စွန့်စားစား ပြောင်းလဲခဲ့တဲ့အတွက်ကြောင့် ရန်ကုန်မှာ သဘာဝဓာတ်ငွေ့စက်ရုံ(၄)ရုံပေါင်း (၂၈၀)MW ထွက်တယ်၊ တည်ဆောက်စရိတ် (၁)MWကို ဒေါ်လာ(၁)သန်းခန့်ကုန်တဲ့အတွက် ဒေါ်လာသန်းပေါင်း(၂၈၀)ခန့်ကို နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်မှ(၁)ဒေါ်လာမှ မစိုက်ထုတ်ပဲ ဒေါ်လာသန်း(၂၈၀)ခန့်တန်တဲ့ စက်ရုံကြီးကို ရန်ကုန်မှာ တည်ဆောက်ပြီး ဓာတ်အားပေးခြင်းလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှု စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျောက်ဆည်မှာ (၁၁၀)MW ၊ မြင်းခြံမှာ (၁၀၃)MW ၊ ကျောက်ဖြူမှာ (၅၀)MW စုစုပေါင်း (၂၆၃)MW ထုတ်တာဆိုရင်လည်း ပုဂ္ဂလိက ကဏ္ဍက ဒေါ်လာသန်းပေါင်း(၂၇၀)ခန့် ရင်းနှီးမြှုပ်နှံမှုကို စပြီးလုပ်ခဲ့တာဖြစ်တယ်၊ ဒါတွေအားလုံးဟာ ပုဂ္ဂလိက ကဏ္ဍကို ဆောင်ရွက်စေတဲ့အတွက်ကြောင့် နိုင်ငံတော်အနေနဲ့ ရန်ပုံငွေ တပြားတချပ်မှ စိုက်ထုတ်ခြင်းမလုပ်ရပဲနဲ့ နိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အားတွေကို ၃၀၁၃-၂၀၁၄ ခုနှစ်မှာရော ၂၀၁၄-၂၀၁၅ ခုနှစ်မှာပါ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဝန်ကြီးဌာနအနေဖြင့် ပြန်လည်သတိရစေပြီး လက်ရှိဓာတ်အား လျော့နည်းနေတဲ့ အနေအထားတွေ၊ မီးပျက်နေမှုတွေကို ကျော်လွှားနိုင်စေရန်အတွက် ပြန်လည် မျှဝေလိုက်ရပါသည်။

#MTN
(20-3-2022)