Get Mystery Box with random crypto!

မြန်မာပြည်မှာ သဘာဝဓါတ်ငွေ့သုံးစက်ရုံအဟောင်းကြီးတွေကိုပဲ တစ်နှစ | Online News Channel

မြန်မာပြည်မှာ သဘာဝဓါတ်ငွေ့သုံးစက်ရုံအဟောင်းကြီးတွေကိုပဲ တစ်နှစ်ဒေါ်လာသန်းနဲ့ချီပြီးပြုပြင်နေရတယ် ကောင်းလည်းမကောင်းလာဘူး အများဆုံးလျှပ်စစ်ဓါတ်အားပြန်ပေးနိုင်မှုက ၅၀ % ပဲရတော့တယ်၊ ဒါကြောင့် အခုလိုပြောင်းလဲပြီး ဓါတ်အားထုတ်လုပ်ပေးနိုင်တဲ့စက်ရုံတွေကိုတည်လိုက်တော့ ရေပြည့်ဝစွာမရရှိတဲ့နွေရာသီ မှာဓါတ်အားကိုအပြည့်အဝပေးလာနိုင်ပါတယ် ဒါဟာလျှပ်စစ်ကဏ္ဏကိုမဖြစ်မနေပြောင်းလဲခဲ့တဲ့အတွက်ကြောင့် ပါပဲ…

ဒီလိုစွန့်စွန့်စားစား ပြောင်လဲခဲ့လို့ရန်ကုန်မှာ သဘာဝဓါတ်ငွေ့စက်ရုံ(၄)ရုံပေါင်း MW(၂၈၀)ရရှိခဲ့တယ်.. စက်ရုံတည်ဆောက်စရိတ်(၁) MW ကိုဒေါ်လာ(၁)သန်းခန့်ကုန်တဲ့အတွက်ကြောင့် ဒေါ်လာသန်း(၂၈၀)ခန့်ကို နိုင်ငံတော်မှစရိတ်မကုန်ပဲ နိုင်ငံတကာမှရင်းနှီးမြှပ်နှံသူတွေကနေရလိုက်တာပါပဲ၊ ဒီလိုပြောင်းလဲမှုမျိုးတွေကို အခုနစက အစိုးရခေတ်မှာလည်း ဆောင်ရွက်သင့်ပါတယ်……

ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ဖြူ ကစက်ရုံးအတွက်ဆိုရင်လည်းနိုင်ငံတော်က ဒေါ်လာသန်းပေါင်း(၂၇၀)ခန့် စရိတ်မကုန်ပဲ နိုင်ငံတကာမှရင်းနှီးမြှပ်နှံသူတွေကနေရလိုက်တာပါပဲ၊
ဒါကြောင့် ပုဂ္ဂလိကရင်းနှီးမြှပ်နှံသူတွေကိုဖိတ်ခေါ်ပြီး လျှပ်စစ်ကဏ္ဏကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်အနေနဲ့ရန်ပုံငွေဘတ်ဂျက်တစ်ပြားတစ်ချပ်မှစိုက်ထုတ်စရာမလိုပဲ လျှပ်စစ်ဓါတ်အားတွေကို ၂၀၁၃- ၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ မှာပါဆက်တိုက်လျှပ်စစ်မီးအပြည့်အဝရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်…..

ထို့အတွက် ယခုနစက အစိုးရ၏ လျှပ်စစ်ဌာနဝန်ကြီးဌာနအနေနဲ့ ပြန်လည်သတိရပြီး လက်ရှိနိုင်ငံအတွင်းဖြစ် ပေါ်နေသော လျှပ်စစ်မီးမလုံလောက်မှုတွေကို ကျော်လွှားနိုင်စေရန်အတွက် နည်းလမ်းတစ်ခုအနေနဲ့အကြံပြု တင်ပြလိုပါတယ်။

ဦးသိန်းစိန် လက်ထက်မှာ လျှပ်စစ်ကို စွန့်စွန့်စားစားပြောင်းလဲပေးခဲ့မှုကြောင့် NLD အစိုးရလက်ထက်မှာလည်း လျှပ်စစ်မီး ပြည့်ပြည့်ဝဝ ပြည်သူတွေကိုပေးနိုင်ခဲ့ပါတယ်….. သို့ပေမဲ့လည်း NLD အစိုးရ၏တာဝန်ရှိသူလူကြီး များ၏အတွေးအခေါ်ဉာဏ်ရည်မီသည်လော ၊ နိုင်ငံတော်အပေါ်တွင်စေတနာမရှိသည်လော ၊ ရေရှည်စီမံကိန်း ပုံစံမျိုးသဘောတရားများကိုနားမလည်သည်လော ၊ လျှပ်စစ်မီးကဏ္ဏကိုနောက်အဆက်ဆက်ပြည်သူတွေလျှပ် စစ်မီးပြည့်ပြည့်ဝဝရရှိရန်ဆိုသည့် စိတ်စေတနာမျိုးမရှိသည်လော တို့ကြောင့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆောင်ရွက်ပေးခဲ့တဲ့လျှပ်စစ်မီးကိုပဲ ဆက်လက်သုံးစွဲခဲ့ကြတယ် ….

ဦးသိန်းစိန် အစိုးရလက်ထက်ပြု ပြင်ပြောင်းလဲပေးခဲ့သည့်လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ထိန်းသိမ်းခဲ့ခြင်းမရှိသလို NLD အစိုးရလက်ထက်မှာလဲ လျှပ်စစ်ဆက်လက်ထုတ်ယူမှု အပိုင်းကို အမျှော်အမြင်ရှိစွာနဲ့ ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ဘူး ၊ လျှပ်စစ်ဌာနဝန်ထမ်းတွေကလည်း ဘာမှမသိဘာမှမတတ်တဲ့ NLD အစိုးရလူကြီးတွေနဲ့ပဲပေါင်းပြီး မိမိတို့ရဲ့အတ္တအဂတိအခွင့်အရေးတွေကိုပဲလိုက်စားလာခဲ့တာ(၅)နှစ်သက် တမ်းတစ်ခုလုံးပါပဲ…..

ဒါကြောင့် တပ်မတော်ကအာဏာထိန်းခဲ့ပြီးနောက်ပိုင်း NLD အစိုးရလက်ထက်ကဘာမှမလုပ်ပဲ ဦးသိန်းစိန်အစိုး ရလက်ထက်လုပ်ခဲ့တဲ့လျှပ်စစ်ကိုပဲဝိုင်းပြီးသုံးနေသလိုဖြစ်နေတဲ့အပြင်၊ NLD အစိုးရနဲ့သူတို့ထောက်ခံသူအားလုံး ကလည်း ကောင်းတာကိုမလုပ်တတ်တာ ဖျက်တာကတော့အလွန်တော်တဲ့အတိုင်းပဲ လျှပ်စစ်မီးပေးစက်ရုံတွေ ကိုမိုင်းခွဲတယ်၊ မီးတိုင်တွေကိုမိုင်းခွဲတယ် ပြည်သူတွေကိုမီတာမဆောင်အောင်မှိုင်းတိုက်ခဲ့တယ် အဲ့ဒါတွေက လည်းအခု နိုင်ငံအတွင်း လျှပ်စစ်မီးပြည့်ပြည့်ဝဝ မပေးနိုင်တဲ့အချက်အချို့ဖြစ်နေပါတယ်။

နစကကြီးအနေနဲ့ ဦးသိန်းစိန် လက်ထက်မှာ လျှပ်စစ်အပိုင်းကို စွန့်စွန့်စားစားပြုပြင်ပြောင်းလဲနိုင်လို့အောင်မြင် မှုများရရှိအဆင်ပြေခဲ့သလို အခုလည်း နိုင်ငံတော်မှာဖြစ်နေတဲ့ လျှပ်စစ်မီး အပိုင်းကို ပြတ်ပြတ်သားသားပြောင်းလဲဆောင်ရွက်နိုင်အောင်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

လျှပ်စစ်လုပ်ငန်းများတိုးတက်စေလိုသည့်ပြည်သူတစ်ဦး။