Get Mystery Box with random crypto!

#မှတစ်ပါးအခြားမရှိပြီ #ဆရာမမိုးမိုးအင်းလျား မိဘများမရှိတော့သော | Review For You

#မှတစ်ပါးအခြားမရှိပြီ
#ဆရာမမိုးမိုးအင်းလျား
မိဘများမရှိတော့သောတစ်ကောင်ကြွက် မမြအေး အဒေါ်များရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ရင်း စပါးအဝယ်တော်ပေါက်စကိုအောင်ထွန်းက မမြအေးကိုလာရောက်တောင်းရမ်းလာသည်။ ‌အဒေါ်များကကောင်းစားမည်ဟုတိုက်တွန်းသည်ကတစ်ကြောင်း ၊ လူကြီးမိဘတွေရဲ့အပြောအဆိုအမိန့်ကိုနာခံလျှင် တိုးတက်ကြီးပွားလိမ့်မည်ဟု မမြအေးကိုယ်တိုင်လည်းယုံကြည်တာကြောင့် သူ့ထက်အသက်၁၁နှစ်ကြီးတဲ့ ကိုအောင်ထွန်းကိုလက်ထပ်ဖြစ်ခဲ့တယ်။ ကိုအောင်ထွန်းကအစပိုင်းမှာတော့ ကောင်းပေမယ့် နောက်ပိုင်းအလုပ်မှာတိုးတက်လာတာနဲ့အမျှအားနာတတ်တဲ့ ကိုအောင်ထွန်းအရက်တွေသောက်ဖြစ် လာပြီး အရက်သမားလုံးလုံးဖြစ်သွားသော်လည်း သူ့ကိုကျေးဇူးရှင်အဖြစ်သက်မှတ်ထားသော မမြအေးတစ်ယောက် ထိုအဖြစ်ကိုမတားနိုင်ခဲ့။မမြြအေးတို့သားသမီး၅ယောက် (မျိုးထွန်း၊အောင်စိုး၊ခင်ကြိုင်၊အောင်တိုး၊မိသက်)တို့ထွန်းကားခဲ့တယ်။မျိုးထွန်းက‌ေတာ့အကြီးဆုံးဖြစ်ပြီးတော့ အောင်စိုးကခင်ကြိုင့်ထက်၂နှစ်ကြီးတယ်။ အောင်တိုးကခင်ကြိုင့်ထက်၁နှစ်ငယ်တာပေါ့။မိသက်ကတော့အငယ်ဆုံးလေး။ယခုကိုအောင်ထွန်းအရက်ကြောင့်သေသွားခဲ့ပြီမို့ မမြအေးတစ်ယောက်တည်းသားသမီး၅ယောက်ကိုစောင့်ရှောက်ရမယ့် ကြီးမားတဲ့တာဝန်တစ်ရပ်ဖြစ်လာခဲ့တော့တယ်။ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာတောင်မလွယ်ကူပါဘူး။မမြအေးတစ်ယောက်သူတို့တစ်တွေကိုခက်ခက်ခဲခဲနဲ့ ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာကိုခံစားဖတ်ရှုကြပါဦးနော်။သူတို့တစ်တွေရဲ့အဖေကဆုံးသွားပြီမို့ ကလေးတွေအားလုံးကိုသူ့ရဲ့စောင့်ရှောက်မှုအောက်မှာစည်းစည်းလုံးလုံး နဲ့ရှိစေချင်တဲ့ မမြအေးရဲ့ဆန္ဒတွေကောပြည့်ဝနိုင်ပါ့မလား။
ဆရာမမိုးမိုးအင်းလျားကဒီစာအုပ်လေးမှာ မိခင်တစ်ယောက်ရဲ့ မေတ္တာတရား၊စွန့်လွှတ်အနစ်အနာခံမှု ၊နားလည်ခွင့်လွှတ်သည်းခံတတ်မှု၊အကိုအကြီးဆံုးဖြစ်တဲ့ မျိုးထွန်းရဲ့ ညီအစ်ကိုမောင်မှတွေပေါ်ထားတဲ့မေတ္တာတရားတွေကို တွေးမိပြီးမြင်‌ေယာင်လာအောင် ရေးသားထားပါတယ်။မိခင်ဖြစ်မယ့်သူ‌ေတွ၊ြဖစ်ဆဲသူ‌ေတွအပျိုလူပျို‌ေတွ၊အိမ်‌ေထာင်သည်‌ေတွအရွယ်စံု အသိပညာရ‌ေစတဲ့စာအုပ်‌ေလးပါ။ဒီစာအုပ်လေးကိုဖတ်ရတာadminလည်းကြိုက်နှစ်သက်တာကြောင့်reviewလေးရေးဖြစ်သွားတာပါ။
#reviewed by khing