Get Mystery Box with random crypto!

Review For You

Logo of telegram channel obbychanmin — Review For You R
Logo of telegram channel obbychanmin — Review For You
Channel address: @obbychanmin
Categories: Literature
Language: English
Subscribers: 21.98K
Description from channel

Review For You
Find your desired book here !
စာအုပ်စာပေ လူ့ မိတ်ဆွေ
📚📖👍🏻💪🏻💡

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

2

3 stars

0

2 stars

0

1 stars

0


The latest Messages 4

2022-02-23 18:08:30 အ‌ေနာက်‌ေတာင်အရပ်မှလာခဲ့သူ
575 views15:08
Open / Comment
2022-02-23 18:08:06
600 views15:08
Open / Comment
2022-02-23 18:07:59 #အနောက်တောင်အရပ်မှလာခဲ့သူ
#ဆရာမပုညခင်
စာအုပ်ရဲ့အဖုံးကိုတွေ့လိုက်တော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဝတ္ထုဆိုတာကိုတွေ့မိတယ်။ ကိုယ်ကလည်းသမိုင်းနောက်ခံဖြစ်ရပ်မှန်တွေကိုသိပ်စိတ်ဝင်စားတာကိုး။ဒါနဲ့ချက်ချင်းပဲကောက်ဖတ်လိုက်မိတယ်။
The Futureသတင်းစာရဲ့ အကြီးတန်းသတင်းထောက်တစ်ယောက်ဖြစ်တဲ့ မြတ်စောနှင်းတစ်ယောက် ရန်ကုန်သတင်းရုံးချုပ်ကနေ မန္တလေးရုံးကိုရောက်လာခဲ့တယ်။စောလာရတဲ့အကြောင်းကတော့ မန္တလေးရုံးကသတင်းထောက်မန္တ‌ေလးသူရွှေစင်က accidentဖြစ်ပြီးခြေထောက်ထိသွားတဲ့အပြင် နောက်သတင်းထောက်‌ေရွှဘိုသားနဲ့ စစ်ကိုင်းသားနှစ်ယောက်အနက် ရွှေဘိုသားသတင်းထောက်က သင်္ကြန်ရက် မွေးရပ်မြေပြန်လို့ မန္တလေးရုံးမှာသတင်းထောက်အင်အားနည်းသွား၍စောကရန်ကုန်ကနေ လာရောက်အားဖြည့်ပေးခြင်းပင်။ စောလိုချင်သည့် တောင်သမန်အင်းရဲ့သတင်းလေးယူပြီးရင်တော့စောပြန်ဖြစ်လိမ့်မည်ထင်သည်။ စောသတင်းယူရာတွင်လည်းမလွယ်ကူလှသလို စောရဲ့ဘဝသည်လည်းမလွယ်ကူလှ‌ပေ။
၂၀၀၈ခုနှစ် မေလ၂ရက်နေ့ကတော့ စောဘဝရဲ့ ကြမ်းတမ်းခက်ခဲတဲ့နေ့တစ်ခုလို့ပြော၍ရနိုင်သည်။၂၀၀၈ခုနှစ်မှာ မြန်မာနိုင်ငံအတွက်ကြီးမားတဲ့သဘာဝဘေးအန္တရယ်တစ်ခုကြုံကြိုက်ခဲ့ပါတယ်။‌‌ေဘးအန္တရာယ်ကိုမဖြစ်ခင်တစ်ရက်အလိုည‌မှသာသိကြပြီးလူပေါင်းများစွာရဲ့အသက်ကိုတစ်စဆီပျက်စီးခဲ့ရသည်။ ရက်အတိအကျမမှတ်မိကြရင်တောင် ၂၀၀၈ခုနှစ်ကိုလူအတော်များများမှတ်မိကြမှာပါ။ဒီဝတ္ထုထဲမှာတော့အဲ့သဘာဝဘေးအန္တရာယ်အကြောင်း၊ စောကြုံခဲ့ရတဲ့ ဆိုးရွားလှတဲ့အဖြစ်အပျက်တစ်ခုအကြောင်းကိုအ‌ေသးစိတ်ဝမ်းနည်းစွာဖတ်ရှုရမှာပါ။သတင်းထောက်တစ်ယောက်ရဲ့ ဘဝအကြောင်း၊ခံယူချက်တွေပါဖတ်ရှုရမှာမို့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ဒါ့အပြင် ၂၀၁၅ရွေးကောက်ပွဲအကြောင်းပါဖတ်ရှူရမှာဖြစ်ပြီး နိုင်ငံရေးအကြောင်းလည်း ဗဟုသုတရရှိနိုင်ပါတယ်။
သုတကောရသပါရနိုင်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တဲ့အတွက်ဖတ်ရှုသင့်ပါကြောင်း......
#reviewed by khing
655 views15:07
Open / Comment
2022-02-02 17:57:27 https://www.mediafire.com/download/cz16ky9x20ed0b7
1.1K views14:57
Open / Comment
2022-02-02 17:57:25
1.2K views14:57
Open / Comment
2022-02-02 17:57:15 #ဂျီဟောသူ
#ဆရာမမစန္ဒာ
"တို့လေးယောက်မ‌ေတွ့ရတာကြာပြီ။တစ်‌ေနရာမှာစံုကြရ‌ေအာင်နော်။" လို့ သဉ္ဇာက‌ေပြာ‌ေတာ့"အင်း ကောင်းတာပေါ့ သဉ္ဇာ"လို့ပြန်ပြောဖြစ်တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သဉ္ဇာပြောတဲ့အချိန်မှာ ကိုယ်က ဆရာမစန္ဒာရဲ့ ဂျီ‌ေဟာသူစာအုပ်ကို ဖတ်နေတဲ့အချိန်ပဲ။ ဒါနဲ့ပဲဒီ reviewလေးရေးဖြစ်သွားတယ်။
ဒီစာအုပ်လေးထဲမှာ စက်မှုတက္ကသိုလ်က A,B,C,Dကနေ Gအထိအဆောင်တွေရှိတဲ့ထဲက Gအဆောင်မှာရှိကြတဲ့ ကျောင်းသူတွေကို ဂျီဟောသူလို့ခေါ်ကြတာပါပဲ။ ဂျီဟောဆောင်ထဲက ခင်ချို၊မမခင်၊ဝေဝေ၊မော်မော်၊ မဝါ၊ညို‌ေထွး၊ထွေး‌ေ‌ထွး တို့ သူငယ်ချင်းတစ်စုအကြောင်းဆိုပါတော့။ တစ်နေ့တော့မဝါတစ်ယောက် ဂျီဟောသူတွေကိုမလှဘူးဆိုတော့ သူဒေါကန်ပြီး ဂျီဟောသူတွေ စုကြတဲ့အဲ့နေ့ကလက်ဖက်ဝိုင်းလေးမှာ သူတို့ကိုမလှဘူးပြောတဲ့ ယောင်္ကျားလေးတွေအကြောင်း ပြောဖြစ်ကြတယ်။အဲ့ဝိုင်းလေးမှာ မဝါက"ဒါပေမယ့် ယောင်္ကျားမိန်းမ ပြိုင်ပြောကြစတမ်းဆိုရင် မိန်းကလေးကပဲ ရှုံးရမှာပေါ့"လို့အားငယ်ငယ်နဲ့ပြောတယ်။ ဒါမယ့် ညိုထွေးကတော့"ဘာလို့ရှုံးရမှာလဲ၊ မှတ်ထား မဝါရဲ့။ ယောင်္ကျား ဆိုတာဘာနဲ့ထုထားတာမို့လဲ၊ ယောင်္ကျားတိုင်း ယောင်္ကျားတိုင်းက မိန်းကလေးတိုင်းအတွက် ကစားစရာအရုပ်လေးတွေပဲ"လို့ ခပ်တင်းတင်းပြောတယ်။ဒါနဲ့ ဝေဝေ၊မော်မော်၊ မိဝါ၊ မဝါကတစ်ဖက် ညိုထွေးကတစ်ဖက်နဲ့ လက်ဖက်ဝိုင်းလေး အချေအတင် ဖြစ်လာပြီး အလောင်းအစားတွေပါပါလာကုန်တော့ နားထောင်သမားသက်သက် လုပ်နေတဲ့ဒိုင်လူကြီးခင်ချိုတောင် ရင်တုန်လာလို့ ဆေးသကြားဖျော်သောက်လိုက်ရသတဲ့။ ပစ်မှတ်က ကိုရင်မောင့်အသည်း၊ ပစ်မည့်မြားကား မညိုထွေး ပွဲကြည့်ပရိသတ်‌ေတွကား ဝေဝေ၊မော်‌ေမာ်၊မိနဲ့မဝါ ၊ တရားသူကြီးကတော့ ခင်ချိုပင်။အလောင်းအစသည်ကား‌ေကျာင်းပြီး အလုပ်လုပ်ကြတဲ့အခါ လခတစ်လခစာသတ်မှတ်ကြသည်။ရှုံးသည့်ဘက်မှ နိုင်သည့်ဘက်ကို လခတစ်လခစာပေးရမည့်သဘောပင်။ ဒီဝိုင်း‌ေလးမှာ မမခင်နဲ့ ထွေးထွေးတို့မပါခဲ့ပေ။ ခင်ချိုတို့သည်လက်ဖက်စားပြီး သစ္စာပြုခဲ့ကြရ‌ေသာ‌ေကြာင့်လက်ဖက်သစ္စာစူးမည်စိုးကြ၍ မည်သူ့ကုိမှ ပြန်မပြောဖြစ်ကြပေ။
ဒီပွဲမှာဘယ်သူတွေနိုင်သွားမလဲ။ ညိုထွေးနိုင်မလား၊ ဝေဝေတို့နိုင်မလား၊တရားသူကြီးခင်ချိုက‌ေကာဘယ်လိုဆံုးဖြတ်‌ေပးမလဲဆိုတာ စိတ်လှုပ်ရှား ပျော်ရွှင်ဝမ်းနည်းစွာ စောင့်ကြည့်ရမှာပါ။
ဒီဝတ္ထုလေးထဲမှာတော့ တက္ကသိုလ်ကျောင်းသား/သူဘဝကိုတွေ့ရမှာပါ။သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့ကျောင်းသား/သူဘဝလေးတွေကို ဖတ်ရှုခံစားရမှာပါ။ကိုယ်ကိုယ်တိုင် ကျောင်းသားဘဝပြန်ရောက်သွားသလို ခံစားရသွားရမယ့်အပြင် ဗဟုသုတတွေပါ ရရှိမှာပါ။ဒါနဲ့ဂျီ‌ေဟာသူရုပ်ရှင်ဇာတ်လမ်းတွဲ‌ေလးလည်း‌ေကာင်းတယ်လို့ကြားမိတယ်။ကိုယ်‌ေတာ့မကြည့်ရ‌ေသးလို့ ။ကျောင်းသား/သူဘဝကို ပြန်ခံစားချင်တဲ့သူတိုင်းအတွက် မလွတ်စတမ်းဖတ်ရှုသင့်ပါကြောင်း....
#Review by khing
1.2K viewsedited  14:57
Open / Comment
2022-01-31 07:28:22 Admin စောစောကဖြစ်သွားတဲ့ problemအတွက် အနူးအညွန့်တောင်းပန်ပါတယ်။ Adminအဲ့တစ်ယောက်ကို banပြီး Gpထဲကအပြီးထုတ်လိုက်ပါပြီ။ Admin ဒီနေ့အလုပ်များ‌ေနတာနဲ့အခုမှမြင်တာမို့ ခုချက်ချင်းပဲထုတ်လိုက်ပါပြီ။ ပို့တဲ့သူက တင်ထားတဲ့ profileပုံနဲ့မလိုက်အောင်ပါပဲ။ Channel ကို subscribeလုပ်ထားတဲ့သူတွေကော Group chatကို joinထားတဲ့သူတွေကော ထွက်သွားစရာမလိုအောင် သူ့ကိုထုတ်လိုက်ပါပြီ။ အားလုံးကိုစိတ်အနောက်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
#RFY admin team
559 viewsedited  04:28
Open / Comment
2022-01-14 11:24:24
Review for you channelမှာ 18+vedio တွေလာပို့ပါတယ် ။Cover လေးတောင်မပါပဲ HD‌ေတွလာပို့တာမို့‌ေတာ်‌ေတာ်‌ေဒါသဖြစ်ရပါတယ်။ဒီchannelမှာ chatting group ဖွင့်ပေးထားတာက စာအုပ်တေံအကြောင်းဆွေးနွေးဖို့ စာအုပ်နဲ့ပတ်သက်တဲ့အခက်အခဲမျိုးတွေရှိရင် တစ်‌ေယာက်ကိုတစ်ယောက် ကူညီဖို့ ပညာဗဟုသုတတွေမျှဝေလို့ရအောင် ဖွင့်ထားပေးတာပါ။Admin teamအနေနဲ့ဒါမျိုးလုံးဝလက်မခံနိုင်ပါဘူး။အာ့တာကြောင့် နောက်တစ်ခါ ဒါမျိုးလုပ်တဲ့သူ ပို့တဲ့သူတွေထပ်တွေ့ခဲ့ရင် Adminတို့အနေနဲ့ သတိပေးတာမျိုးလုပ်မှာမဟုတ်ပဲ ပို့တဲ့ဟာတွေဖျက်ပြီး ပို့တဲ့သူကိုရာသက်ပန် banပစ်မှာပါ။ ပို့တဲ့သူကိုသိပေမယ့်လည်း ဒီတစ်ခါတော့သူ့ရဲ့ဂုဏ်သိက္ခာကိုသက်ညှာ‌ေပးသောအားဖြင့် ဖျောက်ထားပေးပါတယ် ။နောက်တစ်ခါတော့ရမှာမဟုတ်‌ေတာ့ပါဘူး။ ဒီ channel နဲ့မဆိုင်တဲ့အပြင်ဒီ channelကိုjoin ထားကြတဲ့သူတွေထဲမှာ ယောကျာ်း‌ေလး‌ေရာ မိန်းကလေးရော ရှိတာကြောင့်ဒါမျိုး‌ေတွကိုလံုးဝမပို့သင့်ပါဘူး။Founder ကတောင် တန်းbanဖို့ပြောပေမယ့် သတိပေးတဲ့အနေနဲ့အားလုံးသိအောင် ကြေညာလိုက်တာပါ။Admin တို့လည်း စိတ်ကသိကအောင့်ဖြစ်ရပါတယ်။RFY admin teamအနေနဲ့ နောက်ထပ်ဒါမျိုးမဖြစ်အောင်ကြိုးစားပါ့မယ်။
အားလုံးကိုလေးစားစွာဖြင့်
#RFY admin team
1.0K views08:24
Open / Comment
2022-01-13 15:48:27 နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတယောက်



-ကဆုန်လရဲ့စနေနေ့မှာ၃ရက်ဗိုက်နာပြီးခက်ခက်ခဲခဲညှပ်ဆွဲမွေးခံခဲ့ရသူ,အသက်မရှင်တော့ဘူးလို့အကုန်လုံးကသတ်မှတ်, မေ့မြောသူမွေးလူနာမိခင်ကိုပဲအာရုံစိုက်နေချိန်
ကလေးနားတိုးကပ်လာသူကအဘွားလုပ်သူအမေကြီး
-မြေးဉီးကိုကြင်နာစိတ်နဲ့ညှပ်ဆွဲဒဏ်ကြောင့်ရွဲ့စောင်းသွားတဲ့မျက်လုံးလေးကိုသူရဲ့မေတ္တာစွမ်းတွေနဲ့တည့်မတ်ပေးနေစဉ်ကလေးနှလုံးခုန်သံထိတ်ခနဲသူနာပြုကိုအတင်းခေါ်ပြီးကလေးကိုတခုခုလုပ်ပါလို့နှိုးဆော်ခဲ့သူအမေကြီး
-အူဝဲသံနှင့်အတူစနေသမီးတယောက်လူ့လောကထဲဝင်ရောက်လာခဲ့လေပြီ
-အဘိုးအဘွားရဲ့ချစ်မေတ္တာအလိုလိုက်မှုတွေနဲ့အတူကြီးပြင်းခဲ့သူနှင်းနှင်းဉီးလေး
-ကလေးကိုတစက်မှအငိုမခံ,ငိုသံကြားတာနဲ့ရောက်ရာအရပ်ကပြေးလာတတ်သူ"ဘ"
-မြေးလေးကိုငယ်စဉ်ကနေအရွယ်ရောက်သည်အထိလိုအပ်သမျှဖြည့်ဆည်းပျော်ရွှင်စေသူ"အမေကြီး"
-အနေအေးသောအဖေနဲ့စိတ်ပူဆုံးမတတ်သောအမေ
-လိုချင်တာမရရင်တွေ့တဲ့နေရာမှာပစ်လှဲပြီးလှိမ့်လှိမ့်ပြီးငိုတတ်သူ
-ကြောက်တဲ့သူ2ယောက်ပဲရှိသောစနေသမီးလေး
-မနက်တိုင်းအဘိုးဖြစ်သူရဲ့လက်ဖက်ရည်နှပ်အနံရတာနဲ့အိပ်ရာမှလူးလဲထပြီးမီးဖိုချောင်ထဲပြေးတတ်သူ
-စာဖတ်ရတာကြိုက်သောစာပေချစ်မြတ်နိုးသောသူ
-အရွယ်ရောက်လာတော့စာပေ,ဂီတမှာရူးသွပ်တတ်သူ
****ဒီစာအုပ်ကတော့စာရေးဆရာမနုနုရည်(အင်းဝ)ရဲ့ဘဝကိုအခြေခံပြီးကလေးဘဝကနေအရွယ်ရောက်သည်အထိကိုရေးသားထား****
-အဘိုးအဘွားတွေရဲ့ချစ်ခြင်းမေတ္တာကြီးမားပုံတွေ
-မန္တလေးတက္ကသိုလ်ကြီးရဲ့လှပခန့်ညားမှုအခုနဲ့ဆိုရင်ဘာတွေကွာသွားမလဲလို့သိချင်လောက်အောင်အထိရေးဖွဲ့နိုင်မှု
-အညာဒေသရဲ့စီးပွါးရေးလုပ်ကိုင်ပုံတွေ,အနေအစားဆင်ူရဲသူအချို့ရဲ့ဘဝဖြတ်သန်းရပုံတွေစစ်ကိုင်းတောင်ရိုးရဲ့ကြီးကျယ်လှပမှုတွေ
-၁၉၆0ကျော်မန္တလေးမြို့ရဲ့လူနေမှုဘဝ
-ရန်ကုန်တ္က္ကသိုလ်ရဲ့အလှအပ
-အညာနဲ့ရန်ကုန်ရဲ့ရာသီဉတု,အစားအသောက်အနေအထိုင်ကွာခြားပုံတွေ
-တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ငွေကြေးပြသာနာကိုရင်ဆိုင်ဖြေရှင်းပုံတွေ
-အရင်ခေတ်ကဘွဲ့ရသူတွေအတွက်အလုပ်အကိုင်ရှားပါးမှု,အလုပ်လိုချင်လွန်းလို့မလုပ်ချင်သောအလုပ်လည်းလုပ်ပါ့မယ်အထိအလုပ်ရူးရမှူတွေ(ကိုယ့်ကိုကိုယ်ပြန်မြင်နေရသလိုပဲ )

-အညာဒေသရဲ့လူနေမှုဘဝ,အစားအသောက်,မြန်မာမုန့်မျိုးစုံတွေအင်းဝမြို့ဟောင်းရဲ့ ေရေမြေသဘာဝအလှအပတွေ
-နားထွင်းမဂ်လာ,လက်ထပ်မဂ်လာ
-ရှေးဟောင်းတေးဂီတတွေ,ဘုရားပွဲတွေရဲ့စည်ကားပုံတွေ,အငြိမ့်သဘင်တွေ,ဘုန်းကြီးကျောင်းကန်မှာပုသ်ဆောက်တည်လှူတန်းကြပုံတွေအပြင်အင်းဝမြို့ဟောင်းမှာကမ်းပါးပြိုရေကြီးမှုတွေ,တောင်တွင်းကြီးမှာမီးလောင်မှုတွေ,ရှေးဟောင်းဓာတ်ရှင်အကောင်းတွေအပြင်များစွာသောဆရာမကြီးနုနုရည်(အင်းဝ)ရဲ့ဘဝကိအခြေခံပြီးရသမြောက်ရေးသားချက်တွေကိုဝေဝေဆာဆာဖတ်ရှုရမှာပါ)
(Green Nae)
1.2K views12:48
Open / Comment