Get Mystery Box with random crypto!

လျှပ်စစ်မီးပျက်ရခြင်းအကြောင်း RFM : Yangon ; 2nd May 2022 အကြမ | RFM (Radio Free Myanmar)

လျှပ်စစ်မီးပျက်ရခြင်းအကြောင်း
RFM : Yangon ; 2nd May 2022
အကြမ်းဖက်အဖွဲ့တွေက မြန်မာပြည်ဖက်စုံနိမ့်ကျ ပျက်ဆီးစေရန် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ အဓိကကျတဲ့ အရာတွေကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေ ကြတာတွေ့ရပါတယ်။
လျှပ်စစ်မီးတိုင်တွေ ဖျက်ဆီးတဲ့အတွက် တပ်မတော်ထောက်ခံသူမိသားစုတွေပါမက အကြမ်းဖက်မိသားစုတွေပါ ထိခိုက်နစ်နာကြရတယ်။
ဒီလိုလုပ်ရပ်တွေဟာ မြန်မာတမျိုးသားလုံးအကျိုးကို ပျက်ဆီးစေတာဖြစ်လို့ အကြောင်းဘယ်လိုပြပြ တိုင်းပြည်ပျက်ဆီးစေချင်တဲ့သူတွေရဲ့ လကါ်ချက်ဆိုတာ ထင်ရှားနေတယ်။
ဒါတွေဖျက်ဆီးမှ ဒီမိုကရေစီရမယ်ဆိုရယ် အဲ့ဒီ ဒီမိုကရေစီဟာ အတုအယောင် ဒီမိုကရေစီဘဲဖြစ်တယ်။
ဒါကြောင့် ဒီလိုလုပ်ရပ်တွေကို ဘယ်သူလုပ်လုပ် တိုင်းပြည်ရဲ့ရန်သူတွေဖြစ်ကြတယ်။
အဖျက်သမားဟာ အဖျက်သမားဘဲဖြစ်တယ်။ အဖျက်သမားတွေကို တိုက်ထုတ်ကြရမယ်။
“ယနေ့အချိန်ထိ မြန်မာ့သမိုင်းတလျှောက်တွင် “NLD” ပါတီမှ ဆောက်လုပ်ခဲ့သော လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုမှ မရှိခဲ့သော်လည်း ၄င်းလျှပ်စစ်ဓါတ်အားများကို “NLD” ပါတီထောက်ခံသူတွေက ဖျက်ဆီးကြသည်။ မီးပြတ်တော့ မီးပြတ်လို့ ဟု အော်ကြသည်။ ၄င်းတို့လောက် အသိဉာဏ်မဲ့ပြီး ယုတ်ပဲ့သော သတ္တဝါ တစ်ကောင်မှ မတွေ့ဖူးသေးပေ။”
“မိမိနိုင်ငံ မိမိလူမျိုးအကျိုးအား ဖျက်ဆီးမှု့များကို ထောက်ခံပျော်ရွှင်နေကြသည့်လူမျိုးလောက် အသိဉာဏ်မဲ့သောသတ္တဝါမရှိ NLD ပါတီကိုထောက်ခံသူများသည် ထိုသို့သော သတ္တဝါများသာဖြစ်သည်ကို ဝမ်းနည်းဖွယ်ရာတွေ့ရှိနေရသည်။”
“နိုင်ငံပိုင်ပစ္စည်းတစ်ခုပျက်ဆီးတိုင်း တိုင်းပြည်၏ သယံဇာတ ဝင်ငွေများနှင့် အစားထိုးရမည်သာဖြစ်သည်။ နိုင်ငံပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းသည် တိုင်းပြည်၏ သယံဇာတနှင့်ဝင်ငွေများကို ဖျက်ဆီးခြင်းသာဖြစ်သည်။”
” အကြမ်းဖက်များ၏ လျှပ်စစ်နှင့်ဆိုင်သော နိုင်ငံပိုင်ပစ္စည်းများအား ဖျက်ဆီးကြသည့် အတွက် မြို့နေပြည်သူများ အခက်အခဲတွေ့ကြရသည်။ထိုအခက်အခဲများဖြစ်ပေါ်အောင် NLD, CRPH, NUG & PDF အကြမ်းဖက်အဖွဲ့များက လုပ်ဆောင်နေကြခြင်းဖြစ်သည်။”
အပူလှိုင်းမြင့်မားချိန်တွင် လျှပ်စစ်မီးများပြတ်တောက်အောင် ဖောက်ခွဲ တိုက်ခိုက်ကြသည့် အတွက် အသက်အရွယ်ကြီးသူများ အပူဒဏ်ကို အလူးအလဲခံကြရသည်။ NLD, CRPH, NUG & PDF အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံသား ကြီးကြီးငယ်ငယ် ဟူသမျှကို နည်းမျိုးစုံနှင့် တိုက်ခိုက်သတ်ဖြတ်နေခြင်းဖြစ်သည်။ ဤအရာသည် ဒီမိုကရေစီဆိုလျှင် မည်သူလိုချင်သေးသနည်း။”
“လျှပ်စစ်မီးများပြတ်တောက်မှု့ကြောင့် ကုန်ထုတ်လုပ်ငန်းများအပေါ်ထိခိုက်မှု့ရှိပြီး ကုန်ဈေးနုံးများ ကြီးမြင့်လာကြသည်။ ထိုဒဏ်ကို မြန်မာပြည်သူများသာ ခံစားခဲ့ကြရသည်။ NLD, CRPH, NUG & PDF အကြမ်းဖက်အဖွဲ့များက ဒီမိုကရေစီ ဆိုသော စကားလှလှ သုံးပြီး မြန်မာပြည်သူများကို ဆင်းရဲမွဲတေအောင်ပြုလုပ်နေခြင်းဖြစ်သည်။”
“ NLD ပါတီဝင်များသည် ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်တိုင်ကျူးလွန်ခဲ့သော လူမဆန်သော ရာဇဝတ်မှု့များအတွက် “ပြည်သူ” “ပြည်သူ” ဆိုသော စကားလုံးများကို အရှက်မဲ့မဲ့ သုံးစွဲပြီး အပြစ်မဲ့ပြည်သူများကို သေတွင်းသို့ ဆွဲခေါ်ကြသည်။ ယနေ့ PDF ဆိုသော အကြမ်းဖက်ကောင်အများစုသည် NLD အမတ်များ၏အာဏာရူးမှု့အတွက် အသေခံနေကြရခြင်းသာဖြစ်သည်။”
https://radiofreemyanmar.com/%e1%80%9c%e1%80%bb%e1%80%be.../