🔥 Burn Fat Fast. Discover How! 💪

'၅၀၅ က ဖြင့် တရားစွဲဆိုခြင်းခံရသည့် အနုပညာတချို့ နှင့် တက်ကြွလ | စုံ​ထောက်ကြီး ဦစံရှား

"၅၀၅ က ဖြင့် တရားစွဲဆိုခြင်းခံရသည့် အနုပညာတချို့ နှင့် တက်ကြွလှုပ်ရှားသူတချို့ မနက်ဖြန်ပြန်လွှတ်မည်"

အောက်တိုဘာ ၁၈၊ ၂၀၂၁ (TRN)

CDM လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းအပါအဝင် နိုင်ငံရေးပုဒ်မအသီးသီးဖြင့် အကျဥ်းကျနေသူတချို့ကို ဖွဲ့စည်းပုံအခြေဥပဒေ ၄၁၉ အရ မနက်ဖြန်တွင် ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်လွှတ်ပေးသူများတွင် CDM ၌ ကိုယ်တိုင်ပါဝင် လှုပ်ရှားမှု၏ အခြေအနေပေါ်တွင်မူတည်၍ လည်းကောင်း၊ ငွေကြေးအရှုပ်အရှင်း ကိစ္စများပေါ်တွင် မူတည်၍ ခံဝန်ကတိဖြင့် ပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"အဓိကတော့ ဘယ်သူတွေပါလာမယ်ဆိုတာတော့ မပြောတတ်သေးဘူး။ အနုပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူတချို့ပါလာမှာဖြစ်ပါတယ်" ဟု အစိုးရပိုင်းနှင့် နီးစပ်သည့် သူတစ်ဦးက အတည်ပြုသည်။

ထိုကဲ့သို့ အနုပညာရှင်တချို့ကို ပြန်လည်လွှတ်ပေးမည်ဖြစ်သော်လည်း အလားတူပြစ်မှုကို ကျူးလွန်ပါကပြစ်မှုကြွေးကျန်ကိုပါ တစ်ပေါင်းထည်းကျခံရမည်ဖြစ်ကြောင်း သိရသည်။

"နစက က အမှုရင်ဆိုင်ဆဲဟာတွေကို အမှုရုပ်သိမ်းပေးတယ်။ ထောင်ချထားတာတွေကိုတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ လက်မှတ်ရေးထိုးထုတ်ထားတာတော့ တွေ့တယ်။ အဲ့ဒါကြောင့် အခြားအမှုတွေတော့ မဖြစ်နိုင်ဘူး ၅၀၅ က တွေပဲ ဖြစ်ဖို့များပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးကလည်း မနက်ဖြန်တွင် လွှတ်ပေးမည့် ကိစ္စ နှင့် ပတ်သက်၍ အတည်ပြု ပြောဆိုသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စတင်တက်လာသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ အကျဥ်းထောင်များ အသီးသီးတွင် ပြစ်မှုကျနေသူများကို အကြိမ်ကြိမ်လွှတ်ပေးခဲ့သော်လည်း ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံနေရသူများ အနည်းအကျဥ်းသာပါဝင်ခဲ့ပြီး ယခု တစ်ကြိမ်တွင် ၅၀၅ ဖြင့် တရားစွဲဆိုခံနေရသူများကို အများဆုံးပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။