Get Mystery Box with random crypto!

အမတ်ကြီးဦးပေါ်ဦးရေးထားတဲ့ ကျွဲနိုင်နွားနိုင် နိုင်ပါသတဲ့ဆိုတ | Opposite Eye ✍

အမတ်ကြီးဦးပေါ်ဦးရေးထားတဲ့
ကျွဲနိုင်နွားနိုင် နိုင်ပါသတဲ့ဆိုတဲ့
အကြောင်း လျှောက်ထုံးပုံပြင်ထဲမှာ
နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ နန်းတွင်း
လှေပြိုင်ပွဲဝယ် မိဖုရားကြီးရဲ့ လောင်းလှေကို
အနိုင်ရအောင် ဘိုးတော်ဦးဝိုင်းကို
ပိန်းကောလှေကြီးနဲ့ပြိုင်ပါ ဘုရားဆိုပြီး
အမတ်ကြီးပေါ်ဦးက ပေးတဲ့ယတြာ

ယတြာ-ကောင်းကအင်းစောင်း၍
မှောက်သည့်အပြင် မင်းလောင်းပင်
ပျောက်ရမည်ဆိုသော စကားရှိပါသည်ဘုရား

ပေါ်ဦးရယ်--မဆီမဆိုင်ယတြာနဲ့ငါ့ကိစ္စ
ဘယ်လိုမြန်းဆက်စပ်နေလို့လဲကွဲ့ ဟုဆိုသော်

အမတ်ကြီးပေါ်ဦးကလည်း ရင်ကိုကော့၍
များစွာပင်ဆက်စပ်ကြောင်းပါဘုရား ဒီလိုပါ

ပိန်းမှာ - ကြာသပတေး
ကောသည် - တနင်္လါနံဖြစ်ပါသည်ဘုရား

ထိုနံနှစ်နံတို့သည် အန္တော၊ဂဗ္ဘေ၊စရေ၊ဝံသေ
ဟူသောကြောင့် ဂဗ္ဘေဓာတ်ဖြစ်ကြောင်းပါဘုရား

မုချနိုင်မည်ဖြစ်ကြောင်းလျှောက်ထား
ဝံ့ကြောင်းပါဘုရား ဦးပေါ်ဦးကစာတတ်
ကျမ်းတတ်ဖြစ်သည် ဗေဒင်၊ကိန်းခန်း၊ယတြာ၊ဓာတ်ရိုက်၊ ဓာတ်ဆင်ကျွမ်းကျင်လေတော့
လျှောက်တင်ပုံကလည်းရဲဝံ့လှပေသည်

ဤသို့ဆိူလျှင်

မ သည် - ကြာသာပတေး
ငြိမ်း သည် - တနင်္လါနံ မဟုတ်ပေဘူးလား

​ ​​ဂဗ် = တနင်္လါဂြိုလ် ( ပထဝီဓါတ် )
ဘေ = ကြာသာပတေးဂြိုလ် ( ပထဝီဓါတ် )

ပထဝီဓါတ်ချင်းပြိုင်မယ့်ပွဲမှာ
မည်သို့ပင်ဆိုစေကာမူ ယ​တြာကောင်းလို့
ကျွဲနိုင်နွားနိုင်​တော့ နိုင်ဦးမှာ မဟုတ်လား ငါ့ရှင်တို့

( ဟာသအမြင်ဖြင့်သာ )

#စီနီယာ