Get Mystery Box with random crypto!

နတ်တလင်းမြို့နယ်၊ လှပခြင်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူ | Opposite Eye ✍

နတ်တလင်းမြို့နယ်၊ လှပခြင်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင် ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ ဇော်ဇော်အောင်(၂၀)နှစ်(ဘ)ဦးဌေးနိုင်၊ နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာအုပ်စု၊ လှပခြင်းကျေးရွာနေသူ အား ဖမ်းဆီးရမိ.......

ဇော်ဇော်အောင်၏ထွက်ဆိုချက်အရ လှပခြင်းကျေးရွာနေ မချိုသဲလွင် (၂၀)နှစ်(ဘ)ဦးကျော်လွင်နှင့်အတူ ချိုသဲလွင်၏အဘိုးဖြစ်သူ ဦးဘိုဝင်း၏ နောက်ဖေးကောက်ရိုးပုံအတွင်း၌ တစ်တောင့်ထိုးလုပ်သေနတ်(၁)လက်နှင့် အတူ ကျည်(၅)တောင့်အား ဖွက်ထားရှိကြောင်း စစ်ဆေးသိရှိရ
သဖြင့် အဆိုပါနေရာသို့ သွားရောက်ရှာဖွေခဲ့ရာ
တစ်တောင့်ထိုး လက်လုပ် သေနတ်(၁)လက်နှင့် အတူ ကျည်(၅)တောင့်တို့အား ထပ်မံသိမ်းဆည်းရမိ ။