Get Mystery Box with random crypto!

သင်္ကြန်မတိုင်မီက အုပ်ချုပ်ရေးမှူး ရပ်ကွက်ဥက္ကဌ ဦးဇော်မိုး ၁၅ | Opposite Eye ✍

သင်္ကြန်မတိုင်မီက အုပ်ချုပ်ရေးမှူး ရပ်ကွက်ဥက္ကဌ ဦးဇော်မိုး ၁၅လမ်းမှာ လုပ်ကြံခံခဲ့ရပါတယ်။ အမည်မဖော်ပြလိုတဲ့ ရပ်ကွက်နေပြည်သူတွေက ဦးဇော်မိုးကို သတိပေးခဲ့ကြပါတယ်။ ဦးဇော်မိုးကို အရပ်အခေါ် ပန်းသည်ယောက်ျားက နောက်ယောင်ခံနေတယ်လို့ သတိပေးကြတာပါ။ ဦးဇော်မိုးက လူချစ်လူခင်များပါတယ်။ သတိပေးကြတာက အခြေခံလူတန်းစားတွေပါ။ ဦးဇော်မိုးက လက်လုပ်လက်စားတွေ ရုံးကိစ္စ လုပ်ကိုင်ပေးရတဲ့အခါ ဥက္ကဌအနေနဲ့ငွေကြေးတစ်ပြားတစ်ချပ် မယူပါဘူး။ သူက ခေတ်သုံးဆက် ဥက္ကဌလုပ်လာတာပါ။ အခု ဦးဇော်မိုး လုပ်ကြံခံရတာနဲ့ ပက်သက်ပြီး ရပ်ကွက်နေပြည်သူတွေက စိတ်မချမ်းမသာ ဖြစ်နေရပါတယ်။ လူမှုရေး စီးပွားရေး ပညာရေး ကျန်းမာရေးကိစ္စတွေ အားကိုးအားထား ပြုစရာ မရှိတော့လို့ပါ။ ဦးဇော်မိုးကို လုပ်ကြံမှု မဖြစ်ပွားမီ နောက်ယောင်ခံလိုက်နေတဲ့ ပန်းသည်ယောက်ျားဆိုသူက ၁၅လမ်း ၈၆အောက် ဘုရားကျောင်းနားမှာ နေပါတယ်။ ၁၄လမ်း ပန်းမြို့တော်လမ်းသွယ် ထဲက အိမ်ထဲမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်လင်မယားနဲ့ သားမက်တော်တယ်လို့ သိရပါတယ်။ အဲ့ဒီလင်မယားကလည်း အနီကြောင်တွေပါ။ သူတို့ဆိုင်မှာ မျက်နှာစိမ်းတွေ အမြဲ လူစုကြပါတယ်။ ဦးဇော်မိုး လုပ်ကြံမခံရမီက အဲ့ဒီလင်မယားကို လူစိမ်းတွေနဲ့ ပက်သက်ပြီး မေးတာ မြန်းတာ လုပ်ဖူးပါတယ်။ မကြာခင်မှာပဲ လုပ်ကြံခံလိုက်ရတာပါ။ အဲ့ဒီ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ယောက်ျားက အာဏာထိန်းခါစ ကာလမှာ သူဦးဆောင်ပြီး ရပ်ကွက်ရုံးကို သွားပိတ်ဖူးပါတယ်။ တကယ် ဂျိုအကြွဆုံး လင်မယားပါ။ တစ်ရပ်ကွက်လုံးမှာ ဦးဇော်မိုးကို အသေစေချင်ဆုံးသူတွေပါ။ ဦးဇော်မိုး လုပ်ကြံခံရပြီး နာရီပိုင်းမပြည့်ခင် လက်ဖက်ရည်အလကားတိုက်ပြီး အောင်ပွဲခံရပါတယ်။ အဲ့ဒီလင်မယား သားမက်က ပီဒီအက်နဲ့ အဆက်အသွယ်ရှိနေတော့ ရပ်ကွက်နေပြည်သူတွေက အဲ့ဒီလင်မယားကို ကြောက်နေရပါတယ်။ အဲ့ဒီလင်မယားကို တစ်ခုခု မချေမငံ လုပ်မိရင် သူ့သားမက်လွှတ်ပြီး လိုက်ကြည့်ခိုင်းပါတယ်။ ဥက္ကဌ ဦးဇော်မိုးလိုမျိုး လုပ်ကြံခံရမှာ ကြောက်နေကြရပါတယ်။ ရပ်ကွက်ကို သူတို့က ပီဒီအက် အားကိုးနဲ့ အာဏာပြ အုပ်ချုပ်နေတာပါ။ အခုဆို ဘယ်အိမ် ဘယ်သူလာတယ် ကအစ မေးမြန်းပြီး ပြည်သူ့အုပ်ချုပ်ရေး ဆိုလား ဘာလား စတင်ပြီဆိုပြီး ပြောနေပါတယ်။ သူတို့က အန်ယူဂျီရဲ့ အုပ်ချုပ်ရေးမှူးလို့လည်း ပြောပါတယ်။ တကယ်ကို မောက်မာရိုင်းစိုင်းပါတယ်။ သတိပေးတာလိုလို ခြိမ်းခြောက်တာလိုလို ရပ်ကွက်ထဲက အစိမ်းတွေကို ဘောမတွေ ဒလန်တွေ မကြာတော့ဘူးလို့ မကြားကြားအောင် ပြောပါတယ်။ ဒီအပြုအမူတွေအရ ရပ်ကွက်နေပြည်သူတွေ အားလုံး တစ်ညီတစ်ညွှတ်တည်း ထင်ကြေးပေးတာကတော့ ဦးဇော်မိုးကို လုပ်ကြံသတ်ဖြတ်ဖို့ ပီဒီအက်ကို လက်ထောက်ချတာ အဲ့ဒီလင်မယားပါပဲ။ ၁၄လမ်း ၈၆လမ်းအောက် ပန်းမြို့တော်လမ်းသွယ်ထဲက လမ်းအရှေ့ဘက် အိမ်အတွင်းထဲမှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ပါ။