Get Mystery Box with random crypto!

“ကလစ်ကာ တစ်သောင်း စုကာနွှဲ ပြည်သူ့မိခင် မွေးနေ့ပွဲ ' ကမ်ပိန်း | သတင်း (ခ) သာဒင်

“ကလစ်ကာ တစ်သောင်း စုကာနွှဲ ပြည်သူ့မိခင် မွေးနေ့ပွဲ " ကမ်ပိန်း

ကိုယ်တို့ ပြည်သူတွေဟာ ကောက်ရိုးမီးလိုမဟုတ်ကြောင်း
နိုင်ငံ့အရေးဟာ ကိုယ့်အရေးအဖြစ် ခံယူထားပြီး လိုချင်တဲ့ပန်းတိုင်ဆီ ဘယ်လိုအခက်အခဲရှိရှိ အရောက်သွားနေကြောင်း အမေ သိရှိဝမ်းမြောက်စေဖို့ ရည်ရွယ်ပြီး ကမ်ပိန်းလေး လုပ်ဖို့ စိတ်ကူးပုံဖော်ဖြစ်တာပါ။

သာဒင်တို့ အနေနဲ့ တလရအတွက် ထောက်ပို့လုပ်လာတဲ့ ၂ နှစ်ခွဲကျော်ကာလမှာ သိန်း နှစ်သောင်းခွဲ ဝန်းကျင်ပို့ခဲ့ပြီးဖြစ်ပါတယ်။

Tha Din app စတင်ချိန် က တစ်ရက် ကို ကလစ်ကာ ၃၀၀၀၀ ဝန်းကျင်နဲ့ တစ်လကို ဒေါ်လှ ၂၀၀,၀၀၀ နီးပါး အတူတူ ရှာနိုင်ခဲဲ့ကြတယ်
အခုများမှာတော့ တစ်နေ့ ကို အမာခံ ကလစ်ကာ ၄၀၀၀ လောက်ကပဲ အမြဲ အားဖြည့်ပေးကြရတယ်

App တွေရဲ့ သဘောက လူများများ အသုံးပြုပေးမှ ကြော်ငြာပေးတဲ့ google က မရစ်တာပါ
လူတစ်ယောက် အချိန်အကြာကြီး ကလစ်တာထက် လူများများက ၁၅. မိနစ်လောက် ကလစ်တာက App အတွက် ပိုပြီး ကောင်းတာမို့
ဟိုအရင်အချိန်တုန်းကလို လူအုပ်ကြီးကို ကျွန်တော်တို့ ပြန်အလိုရှိပါတယ်ခင်ဗျာ

ဒါကြောင့် Phase 1 အနေနဲ့ ကမ်ပိန်းတစ်ခုလုပ်ပြီး App နေ့စဉ်သုံးတဲ့ ကလစ်ကာ ၁၀၀၀၀ လောက်ပြန်ရချင်လို့ ရယ်
သွေးမအေးကြောင်း ပြချင်လို့ရယ် ဒီကမ်ပိန်းလုပ်ဖို့ ဖြစ်လာတာပါ။

နေ့စဉ်သုံးတဲ့သူ တစ်သောင်းအထက်ရှိမှသာ ဆက်လက်ပြီး ထိထိရောက်ရောက် ထောက်ပို့နိုင်မှာမို့ နေ့စဉ် ကလစ်ကာ ၁၀၀၀၀ အထက်ရှိဖို့ အင်မတန်အရေးကြီးပါတယ်ခင်ဗျာ

ပြည်တွင်းက VPN တွေကို ပိတ်နေတာမို့ ပြည်ပရောက်နေသူတွေအနေနဲ့ Digital Strike တွေမှာ ပါဝင်ပေးစေချင်ပါတယ်။ အချိန်များများ မပေးနိုင်ရင်တောင် နေ့စဉ် ၃/၄/၅ ပုဒ်လောက် ဖတ်ပေးရင်ကို ရပါပြီ

ကမ်ပိန်းမှာ ဘယ်လိုပါဝင်ပေးရမလဲဆိုတော့
ကမ်ပိန်းပိုစ့်တွေကို RCS လုပ်ပေး
ကလစ်ကာ တစ်သောင်း မြန်မြန်ရအောင်လို့ App ထဲက ကိုယ်သဘောကျတဲ့သတင်းရဲ့ Share ဆိုတာကိုနှိပ်ပြီး အပေါင်းအသင်းတွေဆီပို့ပေး
ကမ်ပိန်းကာလမှာ App ကိုနေ့စဉ်သုံးပေး
ကမ်ပိန်းပြီးသွားရင်လည်း နေ့စဉ် ဆက်ပြီးသုံးပေး

TD App ဆက်လက်ရှင်သန်ဖို့ဟာ နေ့စဉ်ပါဝင်ပေးနေမယ့် ကလစ်ကာတစ်ဦးချင်းစီပေါ်မှာ အများကြီး မူတည်ပါတယ်
အချစ်ဦးက သာဒင် ပါ ဆိုတဲ့ ကလစ်ကာတွေရဲ့ အား လိုအပ်နေပါတယ်ခင်ဗျာ
သာဒင်ရဲ့ ကမ်ပိန်းမှာ ပါဝင်ရင်း သွေးမအေးကြောင်း ပြသကြရအောင်

ကမ်ပိန်းမှာပါဝင်သူတိုင်း အမေစုပုံနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာလေး ထုတ်လို့ရမှာပါ
( ကမ်ပိန်းအတွက်ပန်းချီပုံလေးတွေအသုံးပြုခွင့်ပေးတဲ့ ဆရာမနုယဉ်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ )